အခြေခံစားသောက်ကုန်များ လှူဒါန်းရောင်းချပေးရန် စီစဉ်သူ ၇ဦးကို စစ်ကောင်စီ ဖမ်းဆီး

အခြေခံစားသောက်ကုန်များ လှူဒါန်းရောင်းချပေးရန် စီစဉ်သူ ၇ဦးကို စစ်ကောင်စီ ဖမ်းဆီး

Aug 15.2021

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြိ့နယ် အမှတ် (၁၈) ရပ်ကွက် ရှိ အနော်မာလမ်းတွင် အခြေခံစားသောက်ကုန်များကို တစ်ထုတ်လျင် ကျပ်ငွေ ၁၀၀ ကျပ်ဖြင့် လာရောက်လှူဒါန်းရောင်းချပေးရန် စီစဉ်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄နာရီခွဲအချိန်ခန့်က တန်းဖိုးသင့် စားသောက်ကုန်များအား ရောင်းချပေးရန်စီစဉ်နေချိန်တွင် ရောင်းချရာတွင်ပါ၀င်သူ ၇ခန့်မှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဆန်၊ ကြက်ဥ စသည့်အခြေခံစားသောက်ကုန်များကို တစ်ထုတ်လျင် ကျပ်ငွေ ၁၀၀ ဖြင့် လာရောက် ရောင်းချသည့် ဖို့ပြင်ဆင် နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်ဝတ်များဖြင့် ၀င်လာကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရပ်ကွက်ရုံးက လူတွေလည်းပါတယ်။ နောက်အရပ်ဝတ်တွေရော်ပဲ ။ သူတို့က ပစ္စည်းသပ်သပ် လူသပ်သပ် လာကြတာ။ ပြင်ဆင်နေတုန်းပဲရှိသေးတယ်။ ဝင်ဖမ်းသွားကြတယ် “ ဟု ဒေသခံတွေက ဆိုသည်။

အရပ်ဝတ်များဖြင့် အသွင်ပြောင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လာရောက် ရောင်းချပေးသည့် ပစ္စည်းများကိုပါ သိမ်းဆည်းသွားပြီး နောက် ရပ်ကွက်အုပ်ချုပ်ရေးရုံး ခွင့်ပြုချက် ရယူခြင်းမရှိသည်ကို အကြောင်းပြကယ ဖမ်းဆီးသွားခဲ့ကြောင်း ကနေဦးသတင်းအရ သိရသည်။

လက်ရှိအချိန်တွင် မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဇ္ဈိမသတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

အခြေခံလူတန်းစားများ နှင့် ရွှေ့ပြောင်းအလုပ်သမားများ အများဆုံး နေထိုင်ကြသည့် လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အချို့ ကို ပြည်သူများက လာရောက်လှူဒါန်း ကူညီပေးလေ့ရှိခြင်းဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*