အစ္စရေးနိုင်ငံမှာပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေ

အစ္စရေးနိုင်ငံမှာပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး

အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ ဟမ်ဘီမာ ရင်ပြင်တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အစိတ်အပိုင်းတစ်ရပ်အဖြစ် NUG အစိုးရအား အသိအမှတ်ပြု ထောက်ခံရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသား ၅၀ ဦးခန့်နှင့် မြန်မာ့နိုင်ငံရေး စိတ်ပါဝင်စားသူ အစ္စရေးနိုင်ငံသား အချို့ ပါဝင်တက်ရောက်ခဲ့ကြတာပါ။

အာဆီယံနိုင်ငံများ အနေဖြင့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့အစည်းအား လက်နက်ရောင်းဝယ်မှု ပိတ်ပင်တားဆီးရေး၊ NUG အစိုးရအား ထောက်ခံရေး၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများအား ရှုတ်ချရေး အစရှိသည်တို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစ္စရေးနိုင်ငံသားတွေ သိရှိနိုင်ဖို့အတွက် လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ သိလိုတာတွေကို ရှင်းလင်းပြောကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*