အမေရိကန် နယူးယောက်တွင် NUG အစိုးရကို ထောက်ခံကြရန်နှင့် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

အမေရိကန် နယူးယောက်တွင် NUG အစိုးရကို ထောက်ခံကြရန်နှင့် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁၈

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြရန်နှင့် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် အမေရိကန်ရောက်မြန်မာများက ဇူလိုင်လ ၁၇ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

ဒေသစံတော်ချိန် ယနေ့ ဇူလိုင်လ (၁၇)ရက် စနေနေ့ နေ့လည် ၄နာရီမှ ညနေ ၆နာရီထိ New York City ၏ Central Park South အပြင်တွင်ရှိသော USS Maine Monument ကြီးရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှ အစပြုပြီး ယနေ့ GEN-Z သူရဲကောင်းတွေအထိ ခေတ်အဆက်ဆက် မြန်မာပြည်၏ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြသော အာဇာနည်တွေအတွက် အောက်မေ့ဖွယ် နှစ်ပတ်လည်အခမ်းအနားကိုကျင်းပခဲ့ပါသည်။

ထို့အတူ၊ အာဆီယံနိုင်ငံတွေကို စစ်အကြမ်းဖက်အဖွဲ့အစည်းအပေါ် မပံ့ပိုးဘဲ ပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသော NUG အစိုးရကိုသာ ထောက်ခံပေးဖို့ကိုလဲ တောင်းဆိုခဲ့ကြပါသည်။

အဆိုပါ ဆန္ဒပြပွဲကို GMSR အဖွဲ့သားများ နှင့် NYCBC မှပူးပေါင်းဦးဆောင်ပြီး NEW YORK CITY နှင့်အတူ အခြားကမ္ဘာ့နိုင်ငံအသီးသီးရှိမြို့ကြီးများတွင်လဲ သက်ဆိုင်ရာနိုင်ငံရဲ့ သတ်မှတ်ထားသောအချိန်များတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ကမ္ဘာအရပ်ရပ်ရှိ အဝေးရောက် မြန်မာများက ပြည်တွင်းမှ တိုက်ပွဲဝင်နေသောမြန်မာပြည်သူများနှင့်အတူ ရောက်ရှိနေသော နေရာဒေသကွာခြားသော်လည်း သွေးချင်းညီအစ်ကိုမောင်နှမများ တစ်သွေးတစ်သားတည်းရှိပြီး စည်းလုံးညီညွတ်မှု့ကို ပြသဖို့ရန် အင်္ကျီအဖြူကို အားလုံးဆင်တူ ဝတ်ဆင် ဆန္ဒပြကြသည်။

Photo By Kyaw Soe Latt
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*