အများပြည်သူ အလုပ်ပိတ်ရက် ဩဂုတ်ကုန်အထိ တိုးမြှင့် သတ်မှတ်ကြောင်း စစ်ကောင်စီကြေညာ

အများပြည်သူ အလုပ်ပိတ်ရက် ဩဂုတ်ကုန်အထိ တိုးမြှင့် သတ်မှတ်ကြောင်း စစ်ကောင်စီကြေညာ

Aug 20.2021

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပိုမိုထိရောက်‌အောင် ဆောင်ရွက်နိုင်ရန်အတွက် ဩဂုတ် ၂၃ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ရုံးပိတ်ရက်တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ယနေ့ည ၈ နာရီသတင်းတွင် ကြေညာသွားခဲ့သည်။

ယင်းရုံးပိတ်ရက်တွင် အစိုးရဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များ မပါဝင်ဘဲ ဘဏ်များ ပုံမှန်အတိုင်း ဖွင့်လှစ်ထားရမည်ဖြစ်သည်။

ယင်းအပြင် ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများနှင့် အခြေခံစာသင်ကျောင်းများ အားလုံးကိုလည်း ဩဂုတ် ၃၁ ရက်အထိ ပိတ်ထားရန် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*