အမြင့်ပေ ၁၃,၀၀၀ ကနေ အသက်၆၈ နှစ်ရွယ် ဦးခွန်ဆိုင်း လေထီးခုန်ဆင်

အမြင့်ပေ ၁၃,၀၀၀ ကနေ အသက်၆၈ နှစ်ရွယ် ဦးခွန်ဆိုင်း လေထီးခုန်ဆင်း

မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် လေထီးခုန်ခဲ့သည့် ဦးခွန်ဆိုင်း ဟာ ဇူလိုင်လ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်က အင်္ဂလန်နိုင်ငံ Sibson လေယာဉ်ကွင်းနေရာမှာ လေထီးအောင်မြင်စွာခုန်နိုင်ခဲ့တယ်လို့သိရပါတယ်။

အသက် ၆၈ နှစ်အရွယ် ဦးခွန်ဆိုင်းဟာ လေထီးအကူသမားနှင့်အတူ ခုန်ခဲ့တာဖြစ်ပြီး မြေပြင်ကို ဘေးကင်းစွာရောက်ရှိခဲ့ပါတယ်။

ဦးခွန်ဆိုင်း၏ကန်ပိန်းအတွက် လှူဒါန်းကြတဲ့ ငွေမှာ ဇူလိုင်လ ၁၈ ရက်နေ့ ည ၇နာရီခွဲအချိန်ထိ ပေါင်စတာလင် ၁၂,၄၆၂ အထိရရှိနေပြီး အလှူငွေများကို အခက်ခဲဖြစ်နေသည့်နေရာများကို ပေးပို့လှူဒါန်းသွားမည်ဟု သိရပါတယ်။

ဦးခွန်ဆိုင်းဟာ ၇၄ ဦးသန့်အရေးအခင်း၊ ၇၅ ဇွန် ကျောင်းသား အရေးအခင်း ( ရွှေတိဂုံအရေးအခင်း )နဲ့ ၇၆ မှိုင်းရာပြည့် အရေးခင်းတွေမှာပါဝင်ခဲ့ပြီး ဆေးတက္ကသိုလ်( ၁ ) ကျောင်းသားဟောင်းလည်းဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*