အာဖဂန်ကဒုက္ခသည် ၂သောင်းခန့်ပြန်လည်နေရာချထားပေးမဲ့ အစီအစဉ် ဗြိတိန်ကြေငြာ

အာဖဂန်ကဒုက္ခသည် ၂သောင်းခန့်ပြန်လည်နေရာချထားပေးမဲ့ အစီအစဉ် ဗြိတိန်ကြေငြာ

Unicode
သြဂုတ် ၁၈၊ ၂၀၂၁

ပြန်လည်နေရာချထားရေးအစီအစဉ်အသစ်အောက်မှာ ဗြိတိန်က အာဖဂန်ကဒုက္ခသည် ၂သောင်းဝန်းကျင် လက်ခံကြိုဆိုသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ အမျိုးသမီးတွေ မိန်းကလေးတွေ ဘာသာရေးလူနည်းစုတွေကို ဦးစားပေးခေါ်ယူသွားမယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရဖို့အန္တရာယ်အများဆုံးအဖြစ်အမြင်ခံထားရတဲ့သူတွေကို ဗြိတိန်နိုင်ငံထဲ လုံခြုံဘေးကင်းစွာ တရားဝင် ဝင်ရောက်ခွင့်ရရှိဖို့ ဒီအစီအစဉ်ကရည်ရွယ်ထားတာဖြစ်ကြောင်း the Times သတင်းစာက အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။ ပထမဆုံးနှစ်အတွင်း လူအယောက် ၅ထောင်ခန့် ဗြိတိန်ကိုရောက်ရှိလာဖို့ မျှော်မှန်းထားပါတယ်။ “ပြီးခဲ့တဲ့နှစ်၂၀အတွင်း အာဖဂန်ကိုပိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်စေဖို့ ကျွန်တော်တို့နဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့သူအားလုံးကို ဗြိတိန်အနေနဲ့ ကျေးဇူးအကြွေးတင်နေတယ် အထူးသဖြင့် အမျိုးသမီးတွေဟာ ကျွန်တော်တို့ရဲ့အကူအညီတွေအရေးပေါ်လိုအပ်နေပါတယ်” လို့ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

ဗြိတိန်ပါလီမန်ကလည်း အာဖဂန်အခြေအနေနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာဆွေးနွေးသွားဖို့ရှိနေပါတယ်။ “အာဖဂန်ကနေထွက်ပြေးလာတဲ့အားအနည်းဆုံးသူတွေကို နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်မတို့တတ်နိုင်သမျှအားပေးထောက်ပံ့မှုတွေလုပ်ပေးသွားရပါမယ် ဒါမှသာဗြိတိန်မှာ သူတို့ဟာလုံခြုံဘေးကင်းစွာနဲ့ ဘဝအသစ်စတင်နိုင်မှာပါ” လို့ ပြည်ထဲရေးအတွင်းရေးမှူး ပရီတီပါတဲလ်က ဆိုပါတယ်။ “အာဖဂန်နိုင်ငံသားများပြန်လည်နေရာချထားရေးအစီအစဉ်ဟာ အသက်ပေါင်းများစွာကိုကယ်တင်နိုင်မှာပါ” လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။

တာလီဘန်တွေ အာဖဂန်ကိုသိမ်းယူလိုက်မှုနဲ့ပတ်သက်ပြီးဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ နိုင်ငံတကာအသိုင်းအဝန်းက စဉ်းစားသုံးသပ်နေဆဲဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အမျိုးသမီးတွေကိုလေးစားမှုပေးသွားမယ်လို့ဆိုပေမယ့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေပြန်လည်ရုပ်သိမ်းခံရမှာကို အများအပြားစိုးရိမ်နေကြပါတယ်။ အာဖဂန်ပြန်လည်နေရာချထားရေးနဲ့ ထောက်ပံ့ကူညီရေးပေါ်လစီအစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဗြိတိန်က လူအယောက် ၅ထောင်ကို ပြန်လည်နေရာချထားဖို့ အစီအစဉ်ချမှတ်ထားပြီးဖြစ်ပါတယ်။ အာဖဂန်ဝန်ထမ်းဟောင်းတွေနဲ့သူတို့မိသားစုဝင် ၂ထောင်ကျော်ဟာ ဒီအစီအစဉ်အောက်မှာ ဇွန်လနှောင်းပိုင်းကတည်းက ဗြိတိန်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။

Al Jazeera သတင်းဌာနပါ “UK announces plan to resettle 20000 refugees from Afghanistan” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ှဆီလျော်အောင်ပြန်ဆိုသည်။

Zawgyi

အာဖဂန်ကဒုက္ခသည် ၂သောင်းခန့်ပြန်လည်နေရာချထားပေးမဲ့ အစီအစဉ် ဗြိတိန်ကြေငြာ

သြဂုတ် ၁၈၊ ၂၀၂၁ Myanmar Muslim Media

ပြန်လည်နေရာချထားရေးအစီအစဉ်အသစ်အောက်မှာ ဗြိတိန်က အာဖဂန်ကဒုက္ခသည် ၂သောင်း၀န်းကျင် လက်ခံကြိုဆိုသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ အမျိုးသမီးတွေ မိန်းကလေးတွေ ဘာသာရေးလူနည်းစုတွေကို ဦးစားပေးခေါ်ယူသွားမယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရဖို့အန္တရာယ်အများဆုံးအဖြစ်အမြင်ခံထားရတဲ့သူတွေကို ဗြိတိန်နိုင်ငံထဲ လုံခြုံဘေးကင်းစွာ တရား၀င် ၀င်ရောက်ခွင့်ရရှိဖို့ ဒီအစီအစဉ်ကရည်ရွယ်ထားတာဖြစ်ကြောင်း the Times သတင်းစာက အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။ ပထမဆုံးနှစ်အတွင်း လူအယောက် ၅ထောင်ခန့် ဗြိတိန်ကိုရောက်ရှိလာဖို့ မျှော်မှန်းထားပါတယ်။ “ပြီးခဲ့တဲ့နှစ်၂၀အတွင်း အာဖဂန်ကိုပိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်စေဖို့ ကျွန်တော်တို့နဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့သူအားလုံးကို ဗြိတိန်အနေနဲ့ ကျေးဇူးအကြွေးတင်နေတယ် အထူးသဖြင့် အမျိုးသမီးတွေဟာ ကျွန်တော်တို့ရဲ့အကူအညီတွေအရေးပေါ်လိုအပ်နေပါတယ်” လို့၀န်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

ဗြိတိန်ပါလီမန်ကလည်း အာဖဂန်အခြေအနေနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာဆွေးနွေးသွားဖို့ရှိနေပါတယ်။ “အာဖဂန်ကနေထွက်ပြေးလာတဲ့အားအနည်းဆုံးသူတွေကို နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်မတို့တတ်နိုင်သမျှအားပေးထောက်ပံ့မှုတွေလုပ်ပေးသွားရပါမယ် ဒါမှသာဗြိတိန်မှာ သူတို့ဟာလုံခြုံဘေးကင်းစွာနဲ့ ဘ၀အသစ်စတင်နိုင်မှာပါ” လို့ ပြည်ထဲရေးအတွင်းရေးမှူး ပရီတီပါတဲလ်က ဆိုပါတယ်။ “အာဖဂန်နိုင်ငံသားများပြန်လည်နေရာချထားရေးအစီအစဉ်ဟာ အသက်ပေါင်းများစွာကိုကယ်တင်နိုင်မှာပါ” လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။

တာလီဘန်တွေ အာဖဂန်ကိုသိမ်းယူလိုက်မှုနဲ့ပတ်သက်ပြီးဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ နိုင်ငံတကာအသိုင်းအ၀န်းက စဉ်းစားသုံးသပ်နေဆဲဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အမျိုးသမီးတွေကိုလေးစားမှုပေးသွားမယ်လို့ဆိုပေမယ့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေပြန်လည်ရုပ်သိမ်းခံရမှာကို အများအပြားစိုးရိမ်နေကြပါတယ်။ အာဖဂန်ပြန်လည်နေရာချထားရေးနဲ့ ထောက်ပံ့ကူညီရေးပေါ်လစီအစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဗြိတိန်က လူအယောက် ၅ထောင်ကို ပြန်လည်နေရာချထားဖို့ အစီအစဉ်ချမှတ်ထားပြီးဖြစ်ပါတယ်။ အာဖဂန်၀န်ထမ်းဟောင်းတွေနဲ့သူတို့မိသားစု၀င် ၂ထောင်ကျော်ဟာ ဒီအစီအစဉ်အောက်မှာ ဇွန်လနှောင်းပိုင်းကတည်းက ဗြိတိန်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။

Al Jazeera သတင်းဌာနပါ “UK announces plan to resettle 20000 refugees from Afghanistan” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသိှု့ဆီလျော်အောင်ပြန်ဆိုသည်။

Myanmar Muslim Media

Be the first to comment

Leave a Reply

Your email address will not be published.


*