အာဖဂန်နစ္စတန်အား တာလီဘန်တို့ သိမ်းပိုက်မှုနောက်ကွယ်တွင် ပါကစ္စတန်တို့ရှိကြောင်း အာဖဂန်မြို့တော်ဝန် ပြောကြား

အာဖဂန်နစ္စတန်အား တာလီဘန်တို့ သိမ်းပိုက်မှုနောက်ကွယ်တွင် ပါကစ္စတန်တို့ရှိကြောင်း အာဖဂန်မြို့တော်ဝန် ပြောကြား

 

အာဖဂန်နစ္စတန်နိုင်ငံအား သိမ်းပိုက်သည့် နောက်ကွယ်တွင် ပါကစ္စတန်က အဓိကကျသည့်အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း အာဖဂန်နစ္စတန် မြို့တော်ဝန်ဟောင်းတစ်ဦးဖြစ်သူ ဇာရီဖာဂါဖာရီက ဩဂုတ် ၂၄ ရက်တွင် ပြောကြားလိုက်ပြီး လက်ရှိအခြေအနေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာဝန်ရှိကြောင်း သတိပေးလိုက်သည်။

 

အကြမ်းဖက်သမားများအား ကန့်ကွက်မှု မလုပ်ခြင်းကြောင့်လည်း အာဖဂန်ပြည်သူများကို သူမက ပြစ်တင်ရှုတ်ချ လိုက်သည်။

 

“ပါကစ္စတန်ရဲ့ အခန်းကဏ္ဍပါဝင်နေတယ်ဆိုတာ ရိုးရှင်းပြီး ကလေးတွေတောင်မှ သိပါတယ်” ဟု အသက် ၂၆ နှစ်အရွယ်တွင် မြို့တော်ကဘူးလ်၏ အနောက်ဖက်ရှိ မီဒန်ရှာဟာမြို့မှ နိုင်ငံ၏ ပထမဆုံး မြို့တော်ဝန်ဖြစ်ခဲ့သူ ဂါဖာရီက ပြောကြားသည်။

 

တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် သူမသည် ဂျာမနီနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ အာဖဂန်နစ္စတန်အား တာလီဘန်တို့က သိမ်းပိုက်ရာတွင် ပါကစ္စတန်က ကူညီခဲ့သည်ဟု အစိုးရအရာရှိဟောင်းများနှင့် အာဖဂန်ကျွမ်းကျင်သူများကလည်း ပြောကြားထားသည်။

 

“အာဖဂန်နစ္စတန်အခုလို သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေ၊ နိုင်ငံရေသမားတွေ၊ ကလေးတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြစ်တင်ရပါမယ်။ ဒေသခံပြည်သူတွေက အကြမ်းဖက်ဝါဒအပါဝင် မလျော်ကန်တဲ့ ဖြစ်ရပ်တွေကို ညီညီညွတ်ညွတ်နဲ့ မကန့်ကွက်ကြပါဘူး” ဟုလည်း သူမက ပြောသည်။

 

အာဖဂန်ပြဿနာကို အာရုံစိုက်မိစေရန် နိုင်ငံ အသီးသီးမှ ထိပ်ပိုင်းအရာရှိများ၊ နိုင်ငံရေးသမားများ၊ အမျိုးသမီးများနှင့် တွေ့ဆုံရန် ဇာရီဖာဂါဖာရီက စဉ်းစားလျှက်ရှိသည်။

 

တာလီဘန်တို့က ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများကို တစ်ဦးချင်း သတ်ပစ်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

 

“နိုင်ငံတကာ အသိအမှတ်ပြုအစိုးရလက်ထက်က လွတ်လပ်တဲ့ မူဝါဒထားရှိသူတွေရဲ့ စာရင်း တာလီဘန်တွေမှာ ရှိတယ်” ဟု ဂါဖာရီက ပြောသည်။

 

တာလီဘန်တို့က သူမ၏ နေအိမ်အား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဖဂန်နစ္စတန်ရှိ သူမ၏ နေအိမ်ကို လာရောက်ရှာဖွေစဉ်က သူမခန့်ထားသည့် အိမ်စောင့်ကို ရိုက်နှက်သွားခဲ့သည်။

 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ မီရှဲဘာချလက်က တာလီဘန်တို့က အရပ်သားများကို သတ်ဖြတ်ခြင်းအပါအဝင် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများကို ရရှိထားကြောင်း ဩဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*