အာဖဂန် ပြန်လည်တည်ဆောက်ရေးမှာ တရုတ်အနေနဲ့ကြီးမားတဲ့ အခန်းကဏ္ဍကနေပါဝင်နိုင်ကြောင်း တာလီဘန်ပြော 

အာဖဂန်ပြန်လည်တည်ဆောက်ရေးမှာ တရုတ်အနေနဲ့ကြီးမားတဲ့ အခန်းကဏ္ဍကနေပါဝင်နိုင်ကြောင်း တာလီဘန်ပြော

 

သြဂုတ် ၂၅၊ ၂၀၂၁

 

တရုတ်ဟာ အာဖဂန်ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးမြှင့်တင်မှုတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြောင်းနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေး တရုတ်ရဲ့ကြိုးပမ်းဆောင်ရွက်ပေးနေမှုတွေကို ကြိုဆိုကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဆူဟေးလ်ရှာဟင်မ်က တရုတ်နိုင်ငံပိုင်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးနောက် ကသောင်းကနင်းအခြေအနေတွေဖြစ်ပွားခဲ့ပြီး အာဖဂန်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ အရပ်သားထောင်နဲ့ချီ လုံခြုံဘေးကင်းရာထွက်ပြေးဖို့ ကြိုးပမ်းနေကြပါတယ်။ လူအများအပြားဟာ တာလီဘန်တွေအုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀လောက်တုန်းက လုပ်ဆောင်ခဲ့တဲ့ တင်းကျပ်ပြင်းထန်တဲ့ အစ္စလာမ်မစ်ဥပဒေတွေ တစ်ဖန်ပြန်လည်တင်သွင်းလာမှာကို စိုးရိမ်ကြောက်ရွံနေကြပါတယ်။

 

တာလီဘန်နဲ့ဆက်ဆံတဲ့နေရာမှာ ရုရှား အမေရိကန်တို့နဲ့မတူတဲ့အချက်က တရုတ်ဟာ အာဖဂန်မှာတိုက်ပွဲတွေဆင်နွဲခဲ့ခြင်းမရှိတဲ့အချက်က တရုတ်ကိုပိုမိုအားကောင်းမှု ဖြစ်ကောင်းဖြစ်စေပါလိမ့်မယ်။ “တရုတ်ဟာ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သလို လုပ်ကိုင်နိုင်စွမ်းတွေမြင့်မားမှုတွေကြောင့် အာဖဂန်ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အရမ်းကိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်” လို့ ရှာဟင်မ်က CGTN ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံမြောက်ပိုင်းဆိပ်ကမ်းမြို့ တီယန်ဂျင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တာလီဘန်ကိုယ်စားလှယ်တို့ တွေ့ဆုံမှုအတွင်း အာဖဂန်နစ္စတန်အနေနဲ့ အလယ်အလတ်ကျတဲ့ အစ္စလာမ်မစ်ပေါ်လစီတွေကို ချမှတ်နိုင်ဖို့မျှော်လင့်ထားကြောင်း ဝမ်ယိကပြောကြားခဲ့ပါတယ်။ တာလီဘန်တွေ အာဖဂန်ကိုထိန်းချုပ်ခဲ့ပြီးနောက် တရုတ်ဟာ အာဖဂန်နဲ့ ပိုမိုနက်ရှိုင်းတဲ့ မိတ်ဆွေဖြစ်ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံရေးတွေထူထောင်သွားဖို့ အဆင့်သင့်ပဲ လို့ အစိုးရပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့ပါတယ်။

 

တရုတ်ဟာ အာဖဂန်နဲ့ နယ်စပ်ခြင်း ၇၆ ကီလိုမီတာ(၄၇မိုင်) ခန့်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်းအာဖဂန်ဟာ ဇင်ကျန်းပြည်နယ်က လူနည်းစုဝီဂါခွဲထွက်ရေးသမားတွေအတွက် အစပြုရာနိုင်ငံဖြစ်လာမှာကို တရုတ်က ကာလရှည်ကြာစိုးရိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တာလီဘန်ထိပ်တန်းကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံမှုအတွင်း အာဖဂန်အနေနဲ့ တစ်ခြားလက်နက်ကိုင်အဖွဲ့တွေအတွက် စခန်းတစ်ခုအဖြစ်အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း တာလီဘန်တွေက ကတိပြုပြောဆိုခဲ့ပါတယ်။

 

အပြန်အလှန်အနေနဲ့ တရုတ်ဟာအာဖဂန်ပြန်လည်တည်ဆောက်ရေးအတွက် စီးပွားရေးအရထောက်ပံ့မှုတွေ ရင်းနှီးမြုပ်နှံ့မှုတွေနဲ့ ကမ်းလှမ်းထားပါတယ်။ “တာလီဘန်တွေဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေတိုးတက်လာစေဖို့ သူတို့ရဲ့မျှော်လင့်ထားချက်ကို အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဖဂန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ တရုတ်ပါဝင်လာဖို့ သူတို့ကမျှော်လင့်ထားကြပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး ဟွာချူယင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

“ဒါကိုကျွန်မတို့ကြိုဆိုပါတယ်။ တရုတ်ဟာ အာဖဂန်ပြည်သူလူထုရဲ့ လွတ်လပ်စွာ ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်တဲ့ အခွင့်အရေးပေါ်မှာလေးစားမှုရှိပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးဖို့နဲ့ အာဖဂန်နဲ့ ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ တရုတ်အနေနဲ့ဆန္ဒရှိပါတယ်” လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။

 

The Express Tribune သတင်းဌာနပါ “Taliban want China to play huge role in rebuilding Afghanistan” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

 

 

Zawgyi

 

အာဖဂန်ပြန်လည်တည်ဆောက်ရေးမှာ တရုတ်အနေနဲ့ကြီးမားတဲ့ အခန်းကဏ္ဍကနေပါ၀င်နိုင်ကြောင်း တာလီဘန်ပြော

 

သြဂုတ် ၂၅၊ ၂၀၂၁ Myanmar Muslim Media

 

တရုတ်ဟာ အာဖဂန်ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးမြှင့်တင်မှုတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါ၀င်နေကြောင်းနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေး တရုတ်ရဲ့ကြိုးပမ်းဆောင်ရွက်ပေးနေမှုတွေကို ကြိုဆိုကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဆူဟေးလ်ရှာဟင်မ်က တရုတ်နိုင်ငံပိုင်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးနောက် ကသောင်းကနင်းအခြေအနေတွေဖြစ်ပွားခဲ့ပြီး အာဖဂန်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ အရပ်သားထောင်နဲ့ချီ လုံခြုံဘေးကင်းရာထွက်ပြေးဖို့ ကြိုးပမ်းနေကြပါတယ်။ လူအများအပြားဟာ တာလီဘန်တွေအုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀လောက်တုန်းက လုပ်ဆောင်ခဲ့တဲ့ တင်းကျပ်ပြင်းထန်တဲ့ အစ္စလာမ်မစ်ဥပဒေတွေ တစ်ဖန်ပြန်လည်တင်သွင်းလာမှာကို စိုးရိမ်ကြောက်ရွံနေကြပါတယ်။

 

တာလီဘန်နဲ့ဆက်ဆံတဲ့နေရာမှာ ရုရှား အမေရိကန်တို့နဲ့မတူတဲ့အချက်က တရုတ်ဟာ အာဖဂန်မှာတိုက်ပွဲတွေဆင်နွဲခဲ့ခြင်းမရှိတဲ့အချက်က တရုတ်ကိုပိုမိုအားကောင်းမှု ဖြစ်ကောင်းဖြစ်စေပါလ်ိမ့်မယ်။ “တရုတ်ဟာ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သလို လုပ်ကိုင်နိုင်စွမ်းတွေမြင့်မားမှုတွေကြောင့် အာဖဂန်ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အရမ်းကိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါ၀င်နိုင်ပါတယ်” လို့ ရှာဟင်မ်က CGTN ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံမြောက်ပိုင်းဆိပ်ကမ်းမြို့ တီယန်ဂျင်မှာ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိနဲ့ တာလီဘန်ကိုယ်စားလှယ်တို့ တွေ့ဆုံမှုအတွင်း အာဖဂန်နစ္စတန်အနေနဲ့ အလယ်အလတ်ကျတဲ့ အစ္စလာမ်မစ်ပေါ်လစီတွေကို ချမှတ်နိုင်ဖို့မျှော်လင့်ထားကြောင်း ၀မ်ယိကပြောကြားခဲ့ပါတယ်။ တာလီဘန်တွေ အာဖဂန်ကိုထိန်းချုပ်ခဲ့ပြီးနောက် တရုတ်ဟာ အာဖဂန်နဲ့ ပိုမိုနက်ရှိုင်းတဲ့ မိတ်ဆွေဖြစ်ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံရေးတွေထူထောင်သွားဖို့ အဆင့်သင့်ပဲ လို့ အစိုးရပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့ပါတယ်။

 

တရုတ်ဟာ အာဖဂန်နဲ့ နယ်စပ်ခြင်း ၇၆ ကီလိုမီတာ(၄၇မိုင်) ခန့်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်းအာဖဂန်ဟာ ဇင်ကျန်းပြည်နယ်က လူနည်းစုဝီဂါခွဲထွက်ရေးသမားတွေအတွက် အစပြုရာနိုင်ငံဖြစ်လာမှာကို တရုတ်က ကာလရှည်ကြာစိုးရိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိနဲ့ တာလီဘန်ထိပ်တန်းကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံမှုအတွင်း အာဖဂန်အနေနဲ့ တစ်ခြားလက်နက်ကိုင်အဖွဲ့တွေအတွက် စခန်းတစ်ခုအဖြစ်အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း တာလီဘန်တွေက ကတိပြုပြောဆိုခဲ့ပါတယ်။

 

အပြန်အလှန်အနေနဲ့ တရုတ်ဟာအာဖဂန်ပြန်လည်တည်ဆောက်ရေးအတွက် စီးပွားရေးအရထောက်ပံ့မှုတွေ ရင်းနှီးမြုပ်နှံ့မှုတွေနဲ့ ကမ်းလှမ်းထားပါတယ်။ “တာလီဘန်တွေဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေတိုးတက်လာစေဖို့ သူတို့ရဲ့မျှော်လင့်ထားချက်ကို အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဖဂန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ တရုတ်ပါ၀င်လာဖို့ သူတို့ကမျှော်လင့်ထားကြပါတယ်” လို့ နိုင်ငံခြားရေး၀န်ကြီးဌာနပြောခွင့်ရအမျိုးသမီး ဟွာချူယင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

“ဒါကိုကျွန်မတို့ကြိုဆိုပါတယ်။ တရုတ်ဟာ အာဖဂန်ပြည်သူလူထုရဲ့ လွတ်လပ်စွာ ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်တဲ့ အခွင့်အရေးပေါ်မှာလေးစားမှုရှိပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးဖို့နဲ့ အာဖဂန်နဲ့ ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ တရုတ်အနေနဲ့ဆန္ဒရှိပါတယ်” လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။

 

The Express Tribune သတင်းဌာနပါ “Taliban want China to play huge role in rebuilding Afghanistan” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

 

 

Myanmar Muslim Media

Be the first to comment

Leave a Reply

Your email address will not be published.


*