အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဖို့ ကမ္ဘာ့ပထမဆုံး DNA ကာကွယ်ဆေးတစ်မျိုးကို အတည်ပြု

အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဖို့ ကမ္ဘာ့ပထမဆုံး DNA ကာကွယ်ဆေးတစ်မျိုးကို အတည်ပြု

ဒေလီ၊ သြဂုတ်-၂၁-၂၀၂၁
မျိုးဆက်(VOM)

အိန္ဒိယကျန်းမာရေးတာ၀န်ရှိသူတွေဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးမှာ အရေးပေါ်အသုံးပြုဖို့အတွက် ကမ္ဘာ့ပထမဆုံး DNA ကာကွယ်ဆေးတစ်မျိုးကို သြဂုတ် ၂၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။

သုံးကြိမ်ထိုးနှံရတဲ့ ZyCoV-D ကာကွယ်ဆေးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ရောဂါလက္ခဏာ ဖြစ်ပေါ်တာတွေကို ၆၆ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တယ်လို့ ကာကွယ်ဆေးထုတ်လုပ်တဲ့ Cadila Healthcare ရဲ့ ပဏာမစစ်တမ်းမှာဖော်ပြပါတယ်။

ကုမ္ပဏီအနေနဲ့ တစ်နှစ်ကို အဲ့ဒီကာကွယ်ဆေး သန်း၁၂၀ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

ယခင်ကထုတ်လုပ်ခဲ့တဲ့ DNA ကာကွယ်ဆေးတွေကို တိရိစ္ဆာန်တွေမှာသာ အသုံးပြုခဲ့ဖူးပါတယ်။

အိန္ဒိယနိုင်ငံဟာ ခင်ကခွင့်ပြုထားခဲ့တဲ့ Covishield ၊ Covaxin ၊ Sputnik V ကာကွယ်ဆေး သန်း ၅၇၀ ကို လက်ရှိအချိန်ထိရရှိထားပါတယ်။

နိုင်ငံအတွင်းမှာ ဇန်နဝါရီလက ကာကွယ်ဆေးထိုးအစီအစဉ်စတင်ပြီးနောက် အရွယ်ရောက်ပြီးသူ ၁၃ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အ၀ထိုးနှံပေးထားပြီး ၄၇ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးတစ်ကြိမ်သာ ထိုးနှံရသေးတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနကဆိုပါတယ်။

Ref : BBC
Photo:Getty Images
voiceofmyanmar vom

Be the first to comment

Leave a Reply

Your email address will not be published.


*