အောက်ဆီဂျင် ရရှိနိုင်မှုအခြေအနှေင့် သတင်းအမျိုးမျီုး

အောက်ဆီဂျင် ရရှိနိုင်မှုအခြေအနေ

📌မိတ်ထီလာ

📍ငြိမ်းရွှေပရဟိတအောက်ဆီဂျင်အကျိုးတော်ဆောင်အသင်းကျီတော်ကုန်း၊ရပ်ကွက်၊ ကန်ဦးနယ်မြေ(၃)၊ရွှေနှင်းဆီလမ်း။
(အိုးအသေးပဲဖြည့်ပေးပါတယ်။ မနက် 6 ရုံးဖွင့်တာနဲ့ဖြည့်ပေးပါတယ်) (ည ၇ ရုံးပိတ်ပါတယ်)

09797892676

📌မန္တလေး

📍မနောကြာဖြူပရဟိတအသင်း
၅၃လမ်း/မြရည်နန္ဒာရပ်ကွက်/ချမ်းမြသာစည်မြို့နယ်။ (ညနေ ၆ ခွဲတိုင်းရပါမယ်)

📍Mandalay ပြည်ကြီးတံခွန်မြို့နယ် 135-136ကြား
64B စက်မှု့ ဦးကျော်လှနှင့်သားများ
(Refill only မနက် 8ခွဲစရ)

09693111646
09794044133

📌ပဲခူး(ပြည်)

📍NK O2(အငှား)
ပြည် ၊ လမ်းရှေ့လမ်း ၊ NKS
(မနက် 6နာရီ အိုးသေး refill onlyပါ)

09796996762

📌ရန်ကုန်

📍ဘုရင့်နောင် ဓမ္မာရုံ
(မနက် 9နာရီမှာ စဖြည့်ပေးပါတယ် ၊ တစ်ယောက်ကို 10L ဖြည့်ပေးပါတယ် Refill only ပါ။)
09253099860

📍ရန်ကင်းမိုးကောင်း
ကံဘဲ့ဘူတာရုံလမ်းမှာ (အခမဲ့) မနက်ဖြန်မနက်5နာရီထဲကယူရင်လည်းရ
09959827917

📍အမှတ် ၂၄၊ မြေညီ၊ သရဝံရိပ်သာ ၂ လမ်း၊ စမ်းချောင်း
09407777800
(နေ့လည် ၁၂လောက်)

မှတ်ချက် ။ ။ အထက်ပါသတင်းအချက်အလက်များသည် အချိန်နှင့်တပြေးညီပြောင်းလဲနိုင်သည်။

ဓာတ်ပုံ – EPA
Mizzima
====
===

ကသာမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ လူနေအိမ်ကို အကြောင်းမဲ့ပစ်ခတ်

ဝေယံမိုး – မဇ္ဈိမ

စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း ကသာမြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဆိုင်ကယ်များဖြင့် လှည့်လည်ကာ ဆဲဆိုပြီး သေနတ်ပစ်ခတ်မှုများ ဇူလိုင်လ ၁၇ ရက် ညအချိန်တွင် ပြုလုပ်ကြောင်း ဒေသခံက မဇ္ဈိမ
ကိုပြောသည်။

“ည ၁၀ နာရီကျော်လောက်က သူတို့ ဆိုင်ကယ်တွေမောင်းပြီး ရပ်ကွက်ထဲကို သေနတ်တွေနဲ့ ရမ်းပြီးပစ်နေတာ၊တစ်လမ်းလုံးကိုလဲ ဆဲဆိုသွားကြတာ၊ မိုးပေါ်ထောင်ဖောက်တာမျိုးမဟုတ်ဘူး၊ ဘာလို့ဆို ညီမတို့ရပ်ကွက်ထဲက အိမ်မှာဆို အိမ်ရှေ့မှာရပ်ထားတဲ့ဆိုင်ကယ်တစ်စီးကိုကျည်ဆံမှန်သွားတယ်” ဒေသခံကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကသာမြို့ ၌ ညအချိန်တွင် ထိုသို့ ဆိုင်ကယ်များဖြင့် သေနတ်ပစ်ဖောက်ခဲ့သည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

“လူတွေဘာတွေမှန်တယ်ဆိုတာတော့ မကြားမိသေးဘူး၊ သူတို့ဒီလိုမျိုးဆဲဆိုပစ်ခတ်နေတာ တစ်ပတ်လောက်တော့ရှိပြီ၊ ညကတော့အဆိုးဆုံးပဲ၊ တစ်နာရီလောက်ကြာမယ်ထင်တယ် သေနတ်သံတွေက မရပ်ဘူး၊ နှလုံးရောဂါရှိတဲ့လူကြီးတွေနဲ့ ကလေးငယ်တွေဆိုမလွယ်ဘူး၊ လန့်နေကြရတယ်” ဟု ဒေသခံကဆိုသည်။

ကသာမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများမရှိပဲ ယခုလို အကြောင်းမဲ့လိုက်လံပစ်ခတ်နေခြင်းသည် ပြည်သူများအား ကြောက်လန့်နေစေချင်တဲ့ စီမံချက်နှင့်လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

Mizzima
=====
===

လူသတ်မြန်မာစစ်တပ်နှင့်ပတ်သက်သော စီးပွားရေးများ ရပ်တန့်ရန် ဂျပန်ကုမ္ပဏီများကို နိုင်ငံတကာအဖွဲ့အစည်း ၅ ခု တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၈

အကြမ်းဖက်မှုများကျူးလွန်နေသည့် မြန်မာစစ်တပ်နှင့်ပတ်သက်သော စီးပွား ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုများ ရပ်တန့်ရန် ပါဝင်နေသော ဂျပန်လုပ်ငန်းများကို လူ့အခွင့်အရေး၊ တရားမျှတမှု စောင့်ကြည့်ရေးအဖွဲ့ ၅ခုက ယနေ့ ထုတ်ပြန်တောင်းဆိုသည်။

စစ်တပ်နှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများရပ်တန့်ပစ်ရန် Human Rights Now, Human Rights Watch, Japan International Volunteer Center, Justice For Myanmar, နှင့် Mekong Watch အဖွဲ့များက တောင်းဆိုခြင်းဖြစ်ကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် စစ်တပ်သိမ်းယူထားသည့်မြေတွင် Y Complex စီမံကိန်းကို အငှားချထားတည်ဆောက်နေခြင်းဖြစ်ပြီး မြေငှားရမ်းခများကို ကာကွယ်ရေးဝန်ကြီးဌာနက ရရှိနေခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြီးခဲ့သည့်နှစ်အတွင်းက အတည်ပြုပြောကြားထားသည်။

Y Complex စီမံကိန်းတွင် ပါဝင်သော Tokyo Tatemono ကုမ္ပဏီက စစ်တပ်အာဏာသိမ်းပြီးကတည်းက ယင်းစီမံကိန်းလုပ်ငန်းများကို ရပ်နားထားပြီးဖြစ်ကြောင်း လူထုကို အသိပေးဖော်ပြခဲ့သည်။

သို့သော် ဂျပန်ပြည်သူများ၏ ရန်ပုံငွေဖြင့်လည်ပတ်သော Japan Bank for International Cooperation (JBIC), Japan Overseas Infrastructure Investment Corporation နှင့် Tokyo Tatemono ကုမ္ပဏီများအနေနှင့် စီမံကိန်းဆိုင်းငံ့မည့်ကာလ သို့မဟုတ် ပြန်လည်ပတ်မည့် အခြေအနေများကို ရှင်းရှင်းလင်းလင်းအသိပေးခြင်းမရှိသေးပေ။

စစ်သမိုင်းပြတိုက်မြေနေရာတွင် စျေးဝယ်စင်တာတစ်ခု၊ ဟိုတယ်နှင့် ရုံးခန်းငှားရမ်းနိုင်သည့်နေရာများပါဝင်သော Y Complex အဆောက်အအုံကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က စာချုပ်ချုပ်ဆိုကာ စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း မြေငှားရမ်းမှုစာချုပ် မိတ္တူကို ကိုးကား၍ JFM က ဖော်ပြသည်။

ယင်းစာချုပ်၌ စာချုပ်ရပ်နားလျှင် သို့မဟုတ် ဘီအိုတီစာချုပ်သက်တမ်း ကုန်ဆုံးသည့်အခါ အငှါးယူထားသည့် မြေနှင့်အတူ အဆိုပါမြေနေရာပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံ များနှင့် ပရိဘောဂများအားလုံးကို မြေရှင်ထံ ပြန်လည်လွှဲပြောင်းရမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် Y-Complex တွင် ပါဝင်ကြသည့် ကုမ္ပဏီများသည် စာချုပ်ကုန်ဆုံးသည့်အခါ စစ်တပ်အတွက် ကာလရှည် ဝင်ငွေများ ဆက်လက်ထောက်ပံ့နိုင်မည့် မရွေ့ပြောင်းနိုင်သည့် ပိုင်ဆိုင်မှုပစ္စည်းများကို စစ်တပ်အတွက် ဖန်တီးပေးသည့် အန္တရာယ်ရှိနေကြသည်ဟု လုပ်ငန်းများရပ်တန့်ရန် တောင်းဆိုသည့်အဖွဲ့များက ထောက်ပြသည်။

Mekong Watch ၏ စုံစမ်းမှုအရ မြေနေရာငှားရမ်းမှုအတွက် ငွေကြေးများကို ကာကွယ်ရေးဝန်ကြီးဌာနက ရရှိခဲ့ကြောင်း JBIC က အတည်ပြုပြီး ငွေပေးချေမှုအားလုံး အစိုးရ၏ နိုင်ငံတော်ဘတ်ဂျက်စာရင်းတွင်ပါဝင်သည်ဟုလည်း ယင်းက ပြောကြားခဲ့သော်လည်း အထောက်အထားပြသခြင်းမရှိကြောင်း ယင်းအဖွဲ့များက ပြောသည်။

ဓာတ်ပုံ-၂၀၁၈ ခုနှစ် လန်ဒန်တွင်ပြုလုပ်သော ဆန္ဒပြပွဲတွင် လူသတ်ကောင် မင်းအောင်လှိုင်ကို အလိုရှိကြောင်း ဆန္ဒပြမှု မြင်ကွင်း။

Photo Credit- Burma Campaign UK
Khit Thit Media
====
===

စစ်အာဏာရှင်ဖြုတ်ချရေး ညင်းမော်ကျေးရွာတွင် မိုးရေထဲ ချီတက်သပိတ်မှောက်

ရန်ကုန်၊ ဇူလိုင် ၁၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာရှိ ကျောင်းသားပြည်သူများသည် ဇူလိုင်လ ၁၈ ရက် နံနက်တွင် အကြမ်းက်စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးအတွက် မိုးရေထဲ၌ ကြွေးကြော်ချီတက် သပိတ်မှောက်ကြသည်။

Khit Thit Media
====
===+

ကြက်ယက်ကျေးရွာတွင် လူငယ်များ ဦးဆောင်ကာ ကိုဗစ် ရောဂါ ကာကွယ်ရေး ပစ္စည်းများ “လိုသူယူ ပိုသူလှူ” လိုက်လံ ဝေငှ

ရန်ကုန်၊ ဇူလိုင် ၁၈

လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းက ကျေးရွာစျေး၌ ကိုဗစ် ရောဂါကာကွယ်ရေး လူငယ်များ ဦးဆောင်ကာ “လိုသူယူ ပိုသူလှူ” ကာကွယ်ရေး ပစ္စည်းများ လိုက်လံ ဝေငှခဲ့ကြောင်း သိရသည်။

Khit Thit Media
====
======

ထားဝယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေး သပိတ် စစ်တပ်က လာရောက်ဖြိုးခွင်းသော်လည်း အချိန်မီ တိမ်းရှောင်နိုင်

ရန်ကုန်၊ ဇူလိုင် ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်း ထားဝယ်တော်လှန်ရေးလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြပြီး သပိတ်စစ်ကြောင်းစုရပ်သို့ပြန်မရောက်ခင် အကြမ်းဖက်စစ်တပ်က အိမ်စီးကားအပြာရောင်ဖြစ်လာရောက်ဖြိုခွင်သော်လည်း အချိန်မှိလူစုခွဲနိုင်ခဲ့သဖြင့် ဖမ်းဆီးခံရသူများမရှိကြောင်း သိရှိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*