အောင်လံလွှင့်ချီ နွေဦးထီကို အသံတိတ်ပါဝင်ဆင်နွှဲပေးကြရန် မေတ္တာရပ်ခံ

အောင်လံလွှင့်ချီ နွေဦးထီကို အသံတိတ်ပါဝင်ဆင်နွှဲပေးကြရန် မေတ္တာရပ်ခံ

Aug 16.2021

အောင်လံလွှင့်ချီ နွေဦးထီကို အသံတိတ်ပါဝင်ဆင်နွှဲပေးကြရန် မေတ္တာရပ်ခံကြောင်း အောင်လံလွှင့်ချီ နွေဦးထီက ထုတ်ပြန်သည်။

ထီထိုးသူ နွေဦးတော်လှန်ရေး သူရဲကောင်းများအတွက် ပိုမိုစိတ်ချရစေရန် နည်းပညာလုံခြုံရေးကွန်ရက်အား မွမ်းမံပြင်ဆင်နေရသောကြောင့် ပုံမှန်သတ်မှတ်ချိန် နံနက် ၁၀ နာရီတွင် စတင်ရောင်းချခြင်း မပြုနိုင်သည့် အတွက်လည်း အနူးအညွှတ် တောင်းပန်အပ်ကြောင်း ထီရောင်းချမည့်အဖွဲ့က ဆိုသည်။

အထူးမှာကြား တိုက်တွန်းလိုသည့်အချက်မှာ နွေဦးထီကို အသံတိတ်ပါဝင် ဆင်နွှဲပေးကြပါရန်နှင့် မိမိတို့၏ ငွေပေးချေမှုစနစ်အား အကြမ်းဖက်စစ်ကောင်စီ ခြေရာခံ ရန် မလွယ်အပ်သည့် နည်းလမ်းများဖြင့် စိတ်ရှည်စွာ စီစဉ်ဆောင်ရွက်ပေးကြရန် ထီရောင်းချရေးအဖွဲ့က ပြောကြားသည်။

ထို့​​ပြင် ထီထိုးမည့်သူများအနေဖြင့် ထီဝယ်ယူခြင်းလုပ်ငန်းစဉ် မြန်ဆန်ချောမွေ့စေရန် မိမိတို့အမှန်တကယ်အသုံးပြုလိုသည့် Signal သို့မဟုတ် Telegram ဖုံးနံပါတ် တစ်ခုအား ကြိုတင်ဖန်တီးထားကြရန်လည်း မေတ္တာရပ်ခံတိုက်တွန်းအပ်သည်ဟု ဆိုသည်။

ယမန်နေ့က ရောင်းချခဲ့သည့် နွေဦးထီအား စောင်ရေ ငါးသောင်းရောင်းချခဲ့ရာ စတင်ရောင်းချချိန်မှ အချိန်အနည်းငယ်အတွင်း ထီလတ်မှတ်များ ကုန်စင်အောင် ရောင်းချခဲ့ရသည်။

အလားတူ နွေဦးထီကို ဒုတိယမြောက်နေ့ အောင်လံလွှင့်ချီရန် ထီလက်မှတ်အစောင်ရေ ငါးသောင်း(၅၀,၀၀၀) ရောင်းချသွားရန် စီစဉ်ထားပြီး ယမန်နေ့က အတိုင်း ညနေ ၄ နာရီတိတိတွင် စတင်ရောင်းချပေးသွားမည်ဟု ထီရောင်းချရေးအဖွဲ့က ဆိုသည်။

အောင်လံလွှင့်ချီ နွေဦးထီအား တစ်စောင်လျှင် ကျပ် နှစ်ထောင်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများ၊ နွေဦးတော်လှန်ရေး၏ လုပ်ငန်းစဥ်များအတွက် အသုံး​
ပြုမည်ဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*