ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မင်္ဂလာဒုံစစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်အရ သိရသည်။

ဦးဖြိုးမင်းသိန်း မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မင်္ဂလာဒုံစစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်အရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီကဖမ်းဆီးကာ ရေကြည်အိုင်စစ်ကြောရေးတွင် သီးသန့်ချုပ်နှောင်ထားခံရသော ဦးဖြိုးမင်းသိန်းသည် ကိုဗစ်-၁၉ ကူးစက်မှုကိုခံခဲ့ရကာ ယမန်နေ့က မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟုသတင်းရင်းမြစ်က ပြောသည်။
====
===

အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အစိတ်အပိုင်းတစ်ရပ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား အသိအမှတ်ပြု ထောက်ခံရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတစ်ရပ်အား တဲလ်အဗီးမြို့ရှိ ဟမ်ဘီမာ ရင်ပြင်၌ မနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံရေး စိတ်ပါဝင်စားသူ အစ္စရေးနိုင်ငံသား အချို့ ပါဝင်တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများ အနေဖြင့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့အစည်းအား လက်နက်ရောင်းဝယ်မှုပိတ်ပင်တားဆီးရေး၊ NUG အစိုးရအား ထောက်ခံရေး၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများအား ရှုတ်ချရေး အစရှိသည်တို့ကို ကြွေးကြော်ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအား အစ္စရေးနိုင်ငံများ သိရှိစေနိုင်ရေးအတွက် လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ သိလိုသည်များကို ရှင်းလင်းပြောကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
=====
======

မင်းတပ်စစ်ဆေးရေးဂိတ် ကိုဗစ်-၁၉ ပစ္စည်းများ သိမ်းဆည်း

ချင်းပြည်နယ် မင်းတပ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကံကြီးဘက်ခြမ်းမှကားဖြင့်သယ်ဆောင်လာသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်သော ပစ္စည်းများဖြစ်သည့် Mask အထုတ်ကြီး ငါးထုတ် ၊Test Kit နှစ်ဘူး ၊ လက်အိတ်တစ်ဖာ နှင့်လေဆာဖြန်းဆေးနှစ်ဘူးကို သိမ်းဆည်းလိုက်ကြသည်။

ကာလတန်ဖိုး ကျပ်သိန်းနှစ်ဆယ်နီးပါးရှိ ပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိမ်းခိုင်းခြင်းဖြစ်သည်ဟု ပြောဆိုသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယခု အခါ မင်းတပ်မြို့နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ငါးဉီးရှိနေသည်ဟုသိရသည်။
===
===

အိမ်မဲမြို့ မြို့နယ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း၃ဦး ကိုဗစ်ကူးစက်ခံရ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနဲ့ အထက်တန်းသူနာပြု တစ်ဦးတို့ထံမှာ ကိုဗစ်၁၉ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဇူလိုင်လ ၁၇ရက်နေ့မှာ မြို့နယ်ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

ဆရာဝန်အင်အားနည်းပါးသွားပေမဲ့ ကိုဗစ်၁၉ လူနာတွေကို ဆက်လက်လက်ခံပေးသွားမယ်လို့ ဆိုပါတယ်။

အိမ်မဲမြို့နယ်မှာ ဇူလိုင်လ ၁၆ရက်နေ့အထိ ကိုဗစ် ၁၉အတည်ပြုလူနာ ၂၀၀ဦးထိရှိလာကာ ၁ဦးသေဆုံးခဲ့ပြီး ၇၅ဦးဟာ ရောဂါသက်သာပျောက်ကင်းတာကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါတယ်။
======
======

ဘားအံက အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး စစ်ကောင်စီနဲ့ ပါတ်သတ်လို့ ဝေဖန်ခံရ

ဝေယံမိုး – မဇ္ဈိမ

ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး အလှူငွေများအား စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ စက်ရုံအတွက် အလှူငွေလှူလိုက်ကြောင်း သတင်းများပြန့်နှံ့ကာ ဝေဖန်မှုများပြားလျှက်ရှိသည်။

စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းခြင်းသည် မဟုတ်မှန်ကြောင်း ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး ကော်မတီဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“ဒီအဖွဲ့မှာကျွန်တော်ပါတယ်၊ ကျွန်တော်တို့မြို့မိမြို့ဖအဖွဲ့တွေက ဒီစက်ဖြစ်မြောက်ရေးအတွက် အလှူခံကြတယ်၊ နှစ်ရက်လောက်အတွင်းမှာ စက်ဖိုးရသွားတယ်၊ စက်ဖိုးက သိန်း ၇၅၀ လောက်ကျတယ်၊ စရံငွေ သိန်း ၃၀၀‌ ပေးပြီးမှာလိုက်တယ်၊ အလှူခံဌာနကို အလှူငွေတွေက ဆက်ဝင်နေတယ်၊ အဲ့တော့ငွေတွေပိုလာတယ်၊ ဘားအံမှာကလဲ အောက်ဆီဂျင်လိုအပ်ချက်က ဖြစ်လာပြီ၊ အောက်ဆီဂျင်အိုးကို ဆက်ပြီးဝယ်ကြဖို့ စီစဉ်တယ်၊ မြန်မာပြည်မှာလဲ အိုးက ဝယ်ဖို့ဘယ်မှာမှ သိပ်အဆင်မပြေဘူး၊ ထိုင်းဘက်ကိုထပ်မှာတယ်” ဟု သူကဆိုသည်။

ထိုရက်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး အဖွဲ့မှ မြို့မိမြို့ဖများသို့ ဆက်သွယ်လာပြီး အောက်ဆီဂျင်အိုးများ ခွဲတန်းချပေးမည်ဖြစ်ကြောင်း ပြောကြားလာသည်ဟု အဆိုပါ ကော်မတီဝင်ကဆိုသည်။

“ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဖုန်းဆက်လာတယ်၊ သူတို့တဲ့ အောက်ဆီဂျင်အိုး အလုံး ၃၀၀ မှာထားတယ်တဲ့၊ အဲ့ဒီထဲကနေ ၁၅၀ ကို မြို့မိမြို့ဖအသင်းကိုတဲ့ ခွဲပေးမယ်တဲ့ ယူမလားတဲ့၊ အဲ့တာနဲ့ကျွန်တော်တို့ကလဲ၊ အောက်ဆီဂျင်အိုးလွယ်လွယ်ကူကူရတယ်ဆိုတော့ ယူမယ်ဆိုပြီး သူတို့ကို တစ်လုံး ၃ သိန်းနဲ့ အလုံး၁၅၀ သိန်း ၄၅၀ ကိုသူတို့ကိုသွားပေးလိုက်တယ်၊ သွားပေးတဲ့အထဲတော့ကျွန်တော်မပါဘူး၊ အဖွဲ့ထဲကသူတစ်ချို့သွားကြတာ ဘယ်လိုပုံစံမျိုးပေးခဲ့ရလဲတော့ သေချာမပြောနိုင်ဘူး၊ နောက်တော့ခုလိုသတင်းတွေတက်လာတာပဲ ၊ စစ်ကောင်စီဘက်က အောက်ဆီဂျင်စက်ရုံဆောက်ဖို့လှူတယ်ဆိုပြီး” ဟုသူကဆိုသည်။

“ကျနော်တို့သည် ကရင်ပြည်နယ်အတွင်းရှိမြို့နယ်များဖြစ်သည့် ကျနော်တို့သွားရောက်၍မရနိုင်သော သံတောင်ကြီး/သံတောင်လေး/လိပ်သို/ဘော်ကလိ/ဖာပွန်/ကမမောင်းစသည့်မြို့နယ်များတွင်
အောက်ဆီဂျင်လိုအပ်ချက်ရှိနေသည်ကို ခွဲဝေလှူဒါန်းရန် အကြောင်းကြားလာပါသဖြင့်
အိုး ၁၅၀ ခွဲဝေပြီးပေးပို့လှူဒါန်းပေးရန်စီစဉ်ရခြင်းဖြစ်ပါသည် ။

(၁၅၀ * ၃၀၀၀၀၀= ၄၅၀ ၀၀ ၀၀၀/-)သိန်းလေးရာငါးဆယ်ကျပ်ကို အောက်ဆီဂျင်အိုးများအပေါ်တွင် (ဘားအံမြို့သူ/မြို့သားများအလှူ)ဟုတံဆိပ်ရိုက်နှိပ်ပြီး လှူဒါန်းရန်အတွက်သာ ဖြစ်ပါသည်။အစိုးရအဖွဲ့မှ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရန် လှူဒါန်းခြင်း လုံးဝ လုံးဝမဟုတ်ပါ။” ဟု ဘားအံမြို့သူမြို့သားများ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး လူမှုကွန်ယက်စာမျက်နှာမှ ရှင်းလင်းရေးသားထားသည်။

ထိုရှင်းလင်းချက်အောက်တွင် အလှူရှင်အချို့က အကြမ်းဖက်စစ်ကောင်စီနှင့် ပါတ်သတ်မှုပြုလုပ်ခဲ့မှုအပေါ် သဘောမတူနိုင်ကြောင်းဝေဖန်ရေးသားကြသလို အလှူရှင်တစ်ဦးကလဲ ခုလိုဆိုသည်။

“အစက ညီမတို့ သိထားတာက ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံဆောက်မယ်ပဲ သိထားတာ အစ်ကိုရယ်.. ခုကျ သူတို့က ပြည်နယ်စကစကို သွားလှူလိုက်တော့ တစ်ဖက်လှည်နဲ့ နားလှည့်ပါးရိုက်သွားသလိုပဲ…သူတို့ Pageမှာတော့ရှင်းထားတယ်၊ ပိုက်ဆံပဲ သိန်း ၄၅၀ ပေးလိုက်တာဆိုတော့… အဲ့ပိုက်ဆံတွေက အောက်စီဂျင်အိုးဝယ်မဝယ်လဲ ဘယ်သူမှမသိနိုင်ဘူး..၊ကော်မတီထဲကလူတွေကိုတော့ ဖုန်းဆက်မေးမကြည့်ဖြစ်သေးဘူး၊ အသိကတစ်ဆင့်ပဲ မေးကြည့်တော့ သူတို့လဲ သေချာမသိဘူးဖြစ်နေတာ… တစ်ချို့ကတော့ တိုက်ရိုက်ဖုန်းဆက်ပြီးပြန်တောင်းကြတယ်တဲ့၊ စစ်ကောင်စီနဲ့တော့ မပါတ်သက်စေချင်ဘူးပေါ့… အဲ့လိုပါတ်သက်ရမယ်မှန်းသိရင် အစထဲကမလှူဘူး” ဟု ဘားအံမြို့ပေါ်တွင်နေထိုင်သူ အလှူရှင်တစ်ဦးကဆိုသည်။

Mizzima
=======
======

တရုတ်ကမှာတဲ့ အောက်ဆီဂျင်တွေ မန္တလေးဆေးရုံကြီးရောက်လာ

မဇ္ဈိမ၊ ဇူလိုင် ၁၇

တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် အောက်ဆီဂျင် Liquid Oxygen Bowser တစ်စီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ဇူလိုင် ၁၇ရက် နေ့လယ်က ရောက်ရှိလာပြီဖြစ်သည်။

အောက်ဆီဂျင် ၂၆ တန်ပါဝင်သည့် Liquid Oxygen Bowser ကား ၂စီး မှ ၃စီးအတွင်း ယခု ရက်သတ္တပတ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရန် ရှိနေသည်ဟု ဆိုသည်။ Liquid Oxygen Bowser တစ်စီးတွင် ၄၀ လီတာအိုး ၆၅၀ ခန့်ဖြည့်နိုင်မည်ဖြစ်၍ ယခု ၃ စီးအတွက် မန္တလေးမြို့က Covid-19 ကူးစက်လူနာများအတွက် အောက်စီဂျင် ၄၀ လီတာအိုး ၂၀၀၀ နီးပါး (၁၈၇၅ အိုး) ဖြည့်နိုင်မည့် သဘောဖြစ်သည်။

ရောက်ရှိလာသည့် အောက်ဆီဂျင်များကို မန္တလေးပြည်သူ့ဆေးရုံကြီးရှိ Liquid Oxygen Storage Tank တွင် သိုလှောင်ထားကာ လူနာကုတင်များဆီ တိုက်ရိုက်အောက်ဆီဂျင်ပေးစနစ်ဖြင့် ပို့လွှတ်ပေးမည်ဟု ဆိုသည်။

ယခု အောက်ဆီဂျင် Browder များကို မန္တလေးမြို့မိမြို့ဖများနှင့် မြို့ခံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်ပုံငွေရှာဖွေရေး ကော်မတီက လှူဒါန်းခြင်းဖြစ်သည်။ အဆိုပါ ကော်မတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထပ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုကော်မတီက နိုင်ငံတကာအဆင့်မီ Biosafety Level 2+ ဓာတ်ခွဲခန်းကြီးတစ်ခုကို မန္တလေးမြို့တွင် လှူဒါန်းထားသေးသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*