ဧရာ၀တီတိုင်း၊ အသုတ်မြို့မှ စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူ ဝင်းနိုင်ဦး ရင်ဘတ် သေနတ်ပစ်ခံရပြီး သေဆုံး၊ မြင်းခြံတွင်လည်း စစ်ကောင်စီခန့် မီးပေါက်ရွာအုပ်ချုပ်ရေးမှူး သားအဖ ပစ်သတ်ခံရ

ဧရာ၀တီတိုင်း၊ အသုတ်မြို့မှ စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူ ဝင်းနိုင်ဦး ရင်ဘတ် သေနတ်ပစ်ခံရပြီး သေဆုံး၊ မြင်းခြံတွင်လည်း စစ်ကောင်စီခန့် မီးပေါက်ရွာအုပ်ချုပ်ရေးမှူး သားအဖ ပစ်သတ်ခံရ

ရန်ကုန်၊ ဩဂုတ် ၁၈

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် အသုတ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု အများက သတ်မှတ်စွပ်စွဲခံရသူ ဝင်းနိုင်ဦးသည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ရင်ဘတ်သေနတ် ထိမှန်ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ဝင်းနိုင်ဦးသည် ငွေကြေးချမ်းသာသူဖြစ်ပြီး အဓိကအားဖြင် အသုတ်မြို့တွင် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ သတင်းများကို စစ်ကောင်စီထံသို့ ပေးပို့သူဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်း သေနတ်ပစ်ခံရစဉ် နှလုံးကို ထိ၍ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

” သူကနာမည်ကြီးဒလန် ပိုက်ဆံလည်းတအားချမ်းသာတယ်။ ရင်ဘတ်ကို သေနတ်မှန်တာမှာ နှလုံးကို ထိသွားတယ်ပြောတယ်။အပစ်ခံရပြီး ဆေးရုံပို့တဲ့အချိန် ဆေးရုံအရောက်မှာ သေသွားတယ် ” ဟု အသုတ်ဒေသခံတစ်ဦးမှပြောသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဝင်းနိုင်ဦးနှင့်ပတ်သက်ပြီး ဒေသခံများ၏ သတင်းပေး ဒလန်ဆိုသော ပြောဆိုချက်ကို အတည်ပြုနိုင်ခြင်းမရှိပါ။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မီးပေါက်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နှင့် သားဖြစ်သူတို့သည် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပစ်သတ်ခံလိုက်ရကြောင်း၊ မည်သည့်အဖွဲ့ လက်ချက်ဟူ၍ မသိရှိရသေးဘဲ သားအဖ နှစ်ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- အသုတ်မြို့မှ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်စွပ်စွဲခံရပြီး ပစ်သတ်ခံရသူ ဝင်းနိုင်ဦး။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*