၆လ ကျော်အတွင်း စစ်ကောင်စီက အပြစ်မဲ့ ပြည်သူ ၁၀၀၆ ဦးကို သတ်ဖြတ်။

၆ လကျော်အတွင်း စစ်ကောင်စီက အပြစ်မဲ့ ပြည်သူ ၁၀၀၆ ဦးကို သတ်ဖြတ်။

ရန်ကုန်၊ ဩဂုတ် ၁၉

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် လူသတ် စစ်ကောင်စီသည် စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ အပြစ်မဲ့ ပြည်သူ ၁၀၀၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သတ်ဖြတ်ခံရသော ပြည်သူ ၁၀၀၆ ဦးမှာ စာရင်းရရှိထားသော မှတ်တမ်းတင်ထားနိုင်သည့် အရေအတွက်သာဖြစ်ပြီး သေဆုံးသည့် ပြည်သူအရေအတွက်သည် ထိုထက်များပြားနိုင်သည်ဟု AAPP က ဆိုထားသည်။

AAPP ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၃၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း၊ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း၊ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ……

(၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

Credit – Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*