Biak Inn Zong A Him Kho Ti Loh : SAC ralkap nih Kayah Ramkulh Demoso khua Khrihfa Biakinn hriamngan in an kah

June 6, SAC ralkap nih Kayah Ramkulh Demoso khua Khrihfa Biakinn hriamngan in an kah, sianginn le dawrkhaan pawl mei in an khangh hna. ဒီမော့ဆိုတွင် အကြမ်းဖက်စစ်တပ်က ဘုရားကျောင်းကို လက်နက်ကြီးဖြင့်ထု၊ စာသင်ကျောင်းနှင့် ဆိုင်ခန်းများကို မီးရှို့ပြီး လူနေအိမ်များကို ပစ်ခတ်နေ, ရန်ကုန်၊ ဇွန် ၆ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ခရစ်ယန် ဘုရားရှိခိုးကျောင်းကို လက်နက်ကြီးဖြင့်ထုခြင်း၊ စာသင် ကျောင်းနှင့် ဆိုင်ခန်းများကို မီးရှို့ခြင်းနှင့် လူနေအိမ်များကို ပစ်ခတ်ခြင်းများ လုပ်ဆောင် နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒီမော့ဆိုမြို့နယ်၊ ဒေါင်းငံခါးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိနေပြီး ဒေါငံခါး ရပ်ကွက် (၄) နှင့် မန်နာပလော့ တွင် နေရာယူပြီး ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ကြောင်း၊ အလားတူ လွိုင်ကော်မှ ဒီမော့ဆိုမြို့နယ်၊ ဒေါင်းငံခါးသို့ လက်နက်ကြီး အမြှောက်များဖြင့် တရစပ် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

လတ်တလော အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရမ်းကားပစ်ခတ်မှုကြောင့် ဒေါင်းငံခါးဘုရားကျောင်း လက်နက်ကြီးထိ၍ ပျက်စီးမှုများရှိနေပြီး ဒေါင်းငံခါးလမ်းခွတွင်လည်း ပြည်သူများ၏ စျေးဆိုင်ခန်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးတင်ရှို့လိုက်ကြောင်း ၊ စာသင်ကျောင်းတစ်ခုလည်း မီးလောင်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က PDF များ မခိုနားနိုင်စေရန် မီးတင်ရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ကယားပြည်နယ်တွင် လူနေအိမ်များ၊ မြို့ရွာများကို အကာအကွယ်ယူတိုက်ခိုက်ခြင်းများကို ချေမှုန်းမည်ဟု အကြမ်းဖက်စစ်ကောင်စီတပ်များက တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် ဘုရားကျောင်း၊ စာသင်ကျောင်းများနှင့် ပြည်သူပိုင် နေအိမ် အဆောက်အုံများကို မီးတင်ရှို့မှုများ ပေါ်ပေါ်တင်တင်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သိရှိရသည်။ The Hakha Times

Be the first to comment

Leave a Reply

Your email address will not be published.


*