Breaking News : Mindat ah SAC phu an hraang peng rih

Mindat ah SAC phu an hraang peng rih. Inn chung ah aa duup mi kum 10 ngakchia a hngawng ah an khen i a zualhma ngai nain sii-ai lei bawmhchanh duh zong ah luhchuah khawh a si lo. Innka le dawrkhaan pawl an bauh i thil an fir. Khuami ca ah innchung um ziar zong a him ti lo i ramtang ah zaam le i duup zong a him ti lo, tiah an thanh.

– ယနေ့ (17.5.21) မနက်ပိုင်းမှစ၍ ​မင်းတပ်မြို့ တစ်မြို့လုံးနေရာအနှံ့ စကစ တပ်သားများက..- အမြှောက်လက်နက်ကြီးများ – မော်တာမောင်းပြန်သေနတ်များ ဖြင့် အဆက်မပြတ်ပြစ်ခတ်နေ သောကြောင့် လူနေအိမ်များထိခိုက်ပျက်စီး ဒဏ်ရာရသူများရှိပြီး..
– အိမ်ထဲ ပုန်းနေသော ၁၀ နှစ်ဝန်းကျင် ကလေးမလေး တစ်ယောက် လည်ပင်းကို ကျည်ထိမှန်ထားပါတယ်။ ကျည်ထိမှန်ထားသော ကလေးမှာ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါတယ်။ ဆေးအဖွဲ့များ ကယ်ဆယ်ရေးအဖွဲ့များလည်း လုံးဝ သွားလာလို့မရကြပါ။ စကစတပ်များက တွေ့သမျှ၊ မြင်သမျှကို ပစ်နေကြပါတယ်။

ထို့အပြင်..- မြို့ထဲရှိ စျေးဆိုင်များ လူနေအိမ်များကိုတံခါးဖျက်၍ အကြမ်းဖက် ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းများအား ခိုးယူခြင်းများပြုလုပ်နေကြပါသည်။ – စကစ တပ်များဟာ မြို့ထဲကို နေ့ရောညရော ရမ်းသမ်း ပစ်ခတ် ခြိမ်းခြောက်နေကြတာပါ.. အခုအခြေအနေက အိမ်ထဲနေလဲမလုံခြုံ တောထဲရှောင် လဲမလုံခြုံတော့တဲ့ အခြေအနေဖြစ်နေပါပြီ။ The Hakha Times

Be the first to comment

Leave a Reply

Your email address will not be published.


*