CDM ပညာရေးဝန်ထမ်းတစ်ဦးနေအိမ်ကို စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ ဖျက်ဆီး

CDM ပညာရေးဝန်ထမ်းတစ်ဦးနေအိမ်ကို စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ ဖျက်ဆီး

ရေစကြို၊ဇူလိုင်-၁၉

CDM ပညာရေးဝန်ထမ်း ဦးချစ်ဦးမောင်ရဲ့ နေအိမ်ကို ဇူလိုင် ၁၉ရက်၊မနက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။

သူဟာ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ် ပညာရေးမှူးရုံးက CDM ဝင်ထားတဲ့ ဝန်ထမ်းတစ်ဦးပြီး ဒီနေ့မှာ သူနေထိုင်ခဲ့တဲ့ အမှတ်(၇)ရပ်ကွက်က နေအိမ်ကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက စစ်ကားနှစ်စီးနဲ့ရောက်လာပြီး ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားတာလည်းဖြစ်ပါတယ်။

“ရှာဗျာ။လူမတွေ့လို့ ပစ္စည်းတွေ ဖျက်ဆီးတာကြတော့ တရားလွန်တယ်။သူတို့က လူရှာတာလား ပစ္စည်းရှာတာလား။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီလက်နက်ကိုင် အဖွဲ့အနေနဲ့ ရေစကြိုမြို့နယ်အတွင်းက ကျေးရွာ အချို့ကိုလည်း ဝင်ရောက် ရှာဖွေတာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် ဒေသခံအများစုက စိုးရိမ် ထိတ်လန့်မှုတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း CDM ဝန်ထမ်းတွေ လာရောက် တိမ်းရှောင်ခဲ့ရင် လက်မခံဖို့နဲ့လက်ခံတဲ့ နေအိမ်တွေပါ အရေးယူမယ်လို့ ခြိမ်းခြောက်နေတာတွေ ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*