CDM ရဲမေ နော်အယ်စိုးမူး ကရင်နီတပ်မတော်တွင် အခြေခံစစ်သင်တန်းနည်းပြ ဖြစ်လာ

CDM ရဲမေ နော်အယ်စိုးမူး ကရင်နီတပ်မတော်တွင် အခြေခံစစ်သင်တန်းနည်းပြ ဖြစ်လာ

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က နိုင်ငံအာဏာအား မတရားသိမ်းပိုက်လိုက်ပြီးနောက် CDM ပြုလုပ်ကာ ပြည်သူဘက်မှ ရပ်တည်လိုက်သော ရဲမေ နော်အယ်စိုးမူးသည် ကရင်နီတပ်မတော် ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းတွင် အခြေခံစစ်သင်တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရသည်။

 

အောက်တိုလာလ ၉ ရက်တွင် ပြုလုပ်ခဲ့သော ကရင်နီတပ်မတော် အပတ်စဉ် ၇၁ အခြေခံစစ်သင်တန်းဆင်းပွဲတွင် ကရင်နီတပ်မတော် အရာရှိကြီးများဖြစ်ကြတဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အယ်မွီးတို့က သင်တန်းဆင်းရဲဘော်များအား စစ်ဆေးနေစဉ် CDM ရဲမေ နော်အယ်စိုးမူးအား ရှေ့ဆုံးမှ ဦးဆောင်လာသည်ကို တွေ့ခဲ့ရသည်။

 

နော်အယ်စိုးမူသည် လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရန်အတွက် ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင် ၁ ဦး ဖြစ်သလို ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းရဲ့ အခြေခံစစ်သင်တန်းနည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင်နေကြောင်းလည်း သတင်းရရှိသည်။

 

ဓါတ်ပုံ – KA အပတ်စဉ် ၇၁ သင်တန်းဆင်းပွဲတွင် တွေ့ရသော နော်အယ်စိုးမူး Photo Credit – KnIC

Be the first to comment

Leave a Reply

Your email address will not be published.


*