CNF Nih NCA Cu Hnulei An Chit Tak Cang Hna E

NCA ကို ကျောခိုင်းလိုက်ပြီဖြစ်တဲ့ CNF
========================
The Hakha Times, June 2, ခြောက်နှစ်ကြာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ထိန်းသိမ်းလာခဲ့တဲ့ Nationwide Ceasefire Agreement- NCA စာချုပ်ကို ချင်းအမျိုးသားတပ်ဦးက တခြားတိုင်းရင်းသား လက်နက်ကိုင်များထဲကနေ အရင်ဦးဆုံး ကျောခိုင်းလိုက်ပြီဟု ဆိုရမှာဖြစ်ပါတယ်။

အကြောင်းကတော့ ချင်းအမျိုးသားတပ်ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အကြား မေလ (၂၉) ရက်နေ့မှာ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာကြောင့် ယခင်မြန်မာနိုင်ငံအစိုးရနဲ့ ချုပ်ဆိုထားတဲ့ NCA စာချုပ်ဟာ အလိုလို ပျက်ပယ်ပြီဖြစ်တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ တဖက်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက ဖေဖေါ်ဝါရီ (၁) ရက်နေ့ကနေ နိုင်ငံတော်အာဏာ သိမ်းယူပြီး တဲ့နောက် NCA စာချုပ်ဟာလည်း အသက်မဝင်တော့တဲ့ စာချုပ်ဖြစ်လာပြီလို့လဲ ယူဆနိုင်စရာဖြစ်နေပါတယ်၊ စစ်ကောင်စီက အာဏာ သိမ်းပြီး များမကြာခင်မှာပဲ CRPH က ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

ချင်းအမျိုးသားတပ်ဦးနဲ့ NUG တို့ သဘောတူလက်မှတ်မထိုးခင်မှာပင် ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ လျန်မှုန်ဆာခေါင်းက မေလ (၂၂) ရက်နေ့ Mon National Network နဲ့တွေ့ဆုံမေးမြန်းခန်းမွာ ” NCA ကေတာ့ နစ်မြုပ်ပြီးသား သင်္ဘောပေါ်မှာ ဖက်တွယ်နေတဲ့ ပုံစံဖြစ်နေပါပြီ၊ နိုင်ငံရေးသမိုင်း ပင်လယ်ကြီးမှာ အဲဒီ NCA သင်္ဘောကြီးဟာ နစ်မြုပ်နေပါပြီ၊ အဲလိုမြုပ်သွားတဲ့သင်္ဘောပေါ်မှာ ဖက်တွယ်မနေကြပါနဲ့တော့လို့ ကျွန်တော့မိတ်ဆွေတွေကို ကျွန်တော်ပြောချင်ပါတယ်” လို့ပြောခဲ့ဖူးတယ်။

အဲဒီလိုပြောသွားပြီး (၈) ရက်အကြာမှာပဲ ချင်အမျိုးသားတပ်ဦးနဲ့ NUG တို့ မဟာမိတ်ပူးပေါင်းရေး ဆိုတာ ဖြစ်လာပါတယ်။ စစ်ကောင်စီက CRPH ကို တရားမဝင်အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ CRPH ကဖွဲ့စည်းထားတဲ့ (NUG) ကို စစ်ကောင်စီက တရားမဝင်အဖွဲ့အဖြစ်လည်းကောင်း အပြန်အလှန်ကြေညာခဲ့ကြပါတယ်။

ဒီတော့ ချင်းအမျိုးသားတပ်ဦးဟာ NUG နဲ့ ပူးပေါင်းရေး သဘောတူထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီက တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်တော့မှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းသည်သာ တရားဝင်ဖြစ်လာမှာပါ။ ချင်းအမျိုးသားတပ်ဦးဟာ NUG နဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူထားပြီဖြစ်တာမို့ အသက်မဝင်တော့တဲ့ NCA ကို ကျောခိုင်းလိုက်ပြီလို့ မှတ်ယူနိုင်ပြီဖြစ်ပါတယ်။ The Hakha Times

Be the first to comment

Leave a Reply

Your email address will not be published.


*