Good News : KNU Nih Kawlralkap Mataw 2 An Rawk Piak Pin Hna Ah Minung Pahnih An Thah Hna

ဖာပွန်တွင် KNU တပ်မဟာ ၅ နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ကား ၂ စီး ပျက်စီးပြီး တပ်သား အလောင်း ၂ လောင်း လာမကောက် ရန်ကုန်၊ မေ ၃၀ Khit Thit Media, ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် KNU တပ်မဟာ ၅ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲဲဖြစ်ပွားပြီးစစ်ကား ၂ စီး ပျက်စီးကာ စစ်ကောင်စီဘက်မှ ကျဆုံးသွားသော အလောင်း ၂ လောင်းကို လာမကောက်သေးဟု KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ၂၇ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ၏ကားတန်းသည် ကူးဆိတ် နှင့် ဝေဆာ အကြား KNU တပ်မဟာ ၅ နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားကာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း၊ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ ကားတန်းသည် ကူးဆိတ် နှင့် မထောင်း ရွာအကြား KNU နှင့် ထိပ်တိုက် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ မေလ ၂၉ ရက်နေ့ တဃော်ထာ စခန်းမှ စော်ထာ စခန်းသို့ အကြမ်းဖက်စစ်ကောင်စီက ရိက္ခာ ပို့ဆောင်ပေးနေချိန် KNLA တပ်မဟာ (၅) နှင့် ထိပ်တိုက် တိုက်ပွဲ ဖြစ်ကာ စစ်ကောင်စီ ဘက်မှ ၂ ဦးကျဆုံးကြောင်း၊ သံလွင်မြစ် ကမ်းဘေးမှာ စစ်ကောင်စီဘက်တော်သား အလောင်း ၂ လောင်းကို ယခုအချိန်အထိ လာမကောက်သေးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ဖာပွန်ကျေးရွာများတွင် ပြည်သူပိုင်ပစ္စည်းများ လုယက်ခြင်း၊ ဓားမြတိုက်ခြင်းများလည်း လုပ်ဆောင်နေကြောင်း၊ ပြည်သူများကို ပစ်ခတ်နေကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထွီသီးအူ ရွာထဲဝင်ပြီး ပြည်သူ ပစ္စည်း လုယူ ဖျက်ဆီး ဓားပြတိုက်ကြောင်း၊ စစ်ကောင်စီ၏ ခလရ-၉၇ မိုင်းဝိုင် အခြေစိုက်စခန်းသည် ရွာထဲတွင် အထိုင်ချပြီး ရွာသားများကို ပစ်ခတ်ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ပြည်သူတစ်ဦး ဖြစ်သည့် စောညီညီကို စစ်ကောင်စီ ၏ခလရ-၉၇က ပစ်ခတ်ခဲ့၍ လက်နှစ်ဖက်လုံး ဒဏ်ရာ ရရှိခဲ့ကြောင်း KNU သတင်းများက ဆိုသည်။ The Hakha Times

Be the first to comment

Leave a Reply

Your email address will not be published.


*