KIO/KIA နယ်မြေအတွင်း Covid_19 ဂရုပြုစောင့်ရှောက်ခြင်း

KIO/KIA နယ်မြေအတွင်း Covid_19 ဂရုပြုစောင့်ရှောက်ခြင်း

Covid -19 ကိုအံတုနိုင်ဆဲကျွန်တော်တို့၏ချစ်သောနယ်မြေ

လွန်ခဲ့တဲ့ April လမှာကျွန်တော့အမေကျွန်တော့ကိုလွမ်းလွန်းလို့ကျွန်တော်ရှိတဲ့ KIA ၏စစ်ဌာနချုပ်လိုင်ဇာမြို့သို့လိုက်လာခဲ့ပါတယ်။ လိုင်ဇာမရောက်ခင် ဧည့်အဝင်အထွက်စီစစ်တဲ့ မိုင်ဆတ်ပါ စခန်းတွင်ကျွန်တော့အမေရောက်ရှိလာသော်လည်း ကျွန်တော်က ကာကွယ်ဆေးထိုးမထားသေးတော့ အနီးကပ်သွားရောက် နှုတ်ဆက်လို့မရပါ…အဝေးကဘဲလက်ပြရင်းနှုတ်ဆက်ခဲ့ကြပါတယ်။အဲဒီနေရာမှာဘဲ ကျွန်တော့အမေတို့ Covid ပိုးစစ်ဖို့ တန်းစီရပါတော့သည်။အာခေါင်တို့ပတ် နှစ်ခါယူပါတယ်။အဖြေရဖို့လူကများတော့နှစ်နာရီလောက်စောင့်လိုက်ရတယ်။ အမေ့ Test Kid အဖြေက Negative ထွက်လာတော့ဝမ်းသာအားရနဲ့သွားလို့ရပြီထင်နေတာ… Swab ထပ် စစ်ရအုံးမယ်တဲ့….မနက် နဲ့ ညနေပိုင်းဝင်လာတဲ့လူတွေအားလုံးပေါင်းပြီးမှ စက်က Run မယ်ဆိုဘဲ.. စက်ထဲထည့် ပြီးလေးနာရီကြာမှ အဖြေ ကသိရမယ်ဆိုတော့စောင့်ရင်းစောင့်ရင်းနဲ့ ည ၁၂ ရောက်သွားတယ်။

KIA အစိုးရကစောင့်နေတဲ့ ဧည့်သည်တွေအတွက် ဘန်ဂလို တဲများထိုးထားပေးကာအစားအသောက်များကိုလည်းဖေါ့ဘူးနဲ့လုံလောက်စွာကျွေးမွေးပေးတော့ဧည့်သည်များအားလုံးထမင်းတော့မငတ်ကြပါ..နေ့လည်စာ အပြင်ညစာပါကျွေးပါသည်။Swab အဖြေ negative ထွက်မှ ကျွန်တော်တို့သားအမိနီးကပ်စွာတွေဆုံကာ အသင့်ပို့ဆောင်ဖို့စီစဉ်ထားသောကားများဖြင့်ညတွင်းလိုင်ဇာမြို့ထဲဝင်လို့ရပါတော့တယ်။

Negativeအဖြေရကာ လိုင်ဇာမြို့ထဲရောက်သော်ညှားလည်း သတ်မှတ်ထားသောနေရာတွင် သာနေရမှာဖြစ်ကြောင်းအပြင်ထွက်သွားလာခွင့်မရှိကြောင်း( ၅) ရက်ပြည့်မှသာအပြင်သို့ထွက်ခွင့်ရှိကြောင်းသိရှိရတော့ ကျွန်တော်ဒေါသတွေအလိပ်လိုက်ထွက်လာကာ ကျွန်တော်တို့အစိုးရက Covid ကိုအဲဒီလောက်တောင်ကြောက်ရသလားကွာ..မြန်မာပြည်မှာတောင် Covid ကိုဘယ်သူမှဂရုမစိုက်တော့ဘူး..Covid ပိုးကကြောက်စရာကိုမလိုတော့ဘူး Overtine လုပ်ကာ အကဲပိုလွန်းသည်ဟု ဆိုကာညီးသွားခဲ့ပါသည်။တစ်ခါတစ်လေမှရောက်လာတဲ့ကျွန်တော့အမေကိုအားနာလာတာရယ်အမေ့ကိုချွဲချင်တာရယ် တွေ့ချင်ပေမဲ့…စည်းကမ်းဆိုတော့လည်း ၅ ရက်တိတိ စောင့်ပြီးမှတွေဆုံကြရပါတယ်။ဒီလိုနဲ့တွေ့ဆုံဖို့ရန်ခက်ခဲလှသောကျွန်တော်တို့သားအမိနှစ်ယောက်၏တန်ဖိုးရှိလှတဲ့အချိန်တွေကို KIA နယ်မြေ၏တင်းကျပ်လှသော Covid စည်းကမ်းကို လိုက်နာရင်းကုန်ဆုံးခဲ့ပါတယ်။

ဒါပေမဲ့အခုလိုမြန်မာပြည်ကြီးတွင် Covid ရောဂါထိန်းချုပ်လို့မရနိုင်တော့ကာ နေ့စဉ်နေ့အမျှလူမြောက်များစွာသေဆုံးနေတာတွေ့မြင်နေရတော့မှကျွန်တော်တို့ KIA အစိုးရ၏ရှေးပြေးမြင်ကာ ကြိုတင်ကာကွယ်မှုများပြုလုပ်ခြင်း အဝင်ဂိတ်များတွင် တင်းကျပ်စွာစစ်ဆေးနိုင်ခဲ့ခြင်းတို့မှာအင်မတန်အရေးပါကြောင်း ထိရောက်မှုရှိကြောင်းသိရှိရပါတော့သည်။

မြန်မာပြည်အတွင်းနေ့စဉ် ဖြစ်ပျက်နေသောဖြစ်စဉ်များကိုတွေ့မြင်နေရသောကြောင့် စကစများအားအကြိမ်ပေါင်းများစွာကြိမ်ဆဲမိပါသည်။၎င်းတို့မတရားရရှိထားသောအာဏာတည်မြဲဖို့ရန် နိုင်ငံ၏အရေးအကြီးဆုံးဖြစ်သည့် ကမ္ဘာကပ်ဆိုး Covid 19 ရန်မှကာကွယ်ထိန်းချုပ်မည့်အရေးကိုလုပ်ဆောင်ဖို့နေနေသာသာ ဆန္ဒပြပြည်သူများ၊ CDM ဝန်ထမ်းများ ၊PDF များနှင့် စကစကိုဆန့်ကျင်သည့်လက်နက်ကိုင်တိုင်းရင်းသားများအားဖမ်းဆီး ချုပ်နှောင်သတ်ဖြတ်မှုနှင့် ထိုးစစ်ဆင်တိုက်ခိုက် မှုတွေကိုသာဦးစားပေးလုပ်ဆောင်နေကြ သောကြောင့်ယခုဆိုလျှင်Covid -19 ကာကွယ်ရေးစည်းရိုးပေါက်သွားပြီဖြစ်သည်။ပြည်သူတွေတစ်နေ့ကိုထောင်ချီသေကြေကြရပြီ။ပြည်သူတွေများများသေလေလေ ၎င်းတို့ကို တော်လှန်သူအင်အားလျော့နည်းလေလေ…ဟုခံယူချက်ဖြင့်လုပ်ဆောင်နေပုံရသည်။

ယခုဆိုလျှင် လိုင်ဇာမြို့တွင်း Covid ကင်းစင်နယ်မြေပါ။အပြင်မှ ဝင်ရောက်လာသောဧည့်သည်များ ကို အကြိမ်ကြိမ်စစ်ဆေးကာထိန်းချုပ်နိုင်ခဲ့မှုကြောင့် Positive လူနာ ၂၅ ဦးကိုစစ်ဆေးရေးစခန်းတွေပင်အမိအရတွေ့ရှိကာ သတ်မှတ်ထားသော Covid ကုသဆောင်အတွင်းကျပ်မတ်စွာကုသပေးခဲ့ပြီး၂၁ ဦး မှာနေကောင်းကျန်းမာကာ Covid ကင်းစင်ပြီးဆေးရုံမှဆင်းနိုင်ခဲ့ပြီ။ကျန်သည့် Covid လူနာလေးဦးသာCovid ကုသဆောင်တွေဆက်လက်ကုသမှုခံယူကာ ၎င်းလူနာ၄ ဦးမှာလည်းကျန်းမာရေးအခြေမနေကောင်းမွန်ကြောင်းသိရှိရပါသည်။Covid ရောဂါကြောင့်ယခုအချိန်ထိသေဆုံးသူတစ်ဦးတစ်ယောက်မျှမရှိသေးကြောင်းလည်းသိရှိရပါသည်။

KIA ဟာ တော်လှန်ရေးအစိုးရပါ။တစ်ဖက်မှာ နွေဦးတော်လှန်ရေးအတွက်တိုက်ပွဲတွေအဆက်မပျက်ဝင်နေရချိန်တစ်ဖက်မှာ မိမိတို့ KIA အစိုးရအားမိဘတဖွယ်အားကိုးတကြီးအနယ်နယ်အရပ်ရပ်မှ ခိုလုံလာကြသောCDM ဝန်ထမ်းများနှင့် Gen Z လူငယ်မြောက်မြားစွာတို့အတွက် နေရာချထားရေးမှအစ လစ်ဟင်းမှုမရှိအောင်လုပ်ဆောင်နေရသောအချိန်လည်းဖြစ်သည်။

ထိုကဲ့သို့အချိန်၌ပင် Covid ရန်ကိုလည်းလျော့တွက်ထားခြင်း မရှိဘဲ အထူးကြပ်မတ်ကာ လိုင်ဇာမြို့တွင်းနေ့စဉ်နဲ့အမျှ Covid စည်းကမ်းများကိုကားဖြင့်လည့်လည်ကာအော်ပေးခြင်း၊မြို့အတွင်းဆေးဖြန်းခြင်း ကာကွယ်ဆေးထိုးပေးခြင်း ဝင်လာသမျှဧည့်သည်တော်များအား တင်းကျပ်စွာစစ်ဆေးမှုများလုပ်ဆောင်နိုင်ခဲ့ခြင်း တို့ကြောင့်လိုင်ဇာမြို့အတွင်းဧည့်သည်ဝင်ရောက်လာမှုအများဆုံးအချိန်အခါဖြစ်ခဲ့သော်ငြားလည်းယခုအချိန်ထိ Covid ရောဂါကူးစက်ပြန့်ပွားမှုမရှိခြင်း Covid ကင်းစင်နယ်မြေအဖြစ်လုံခြုံစွာနေရခြင်းတို့မှာမိမိတို့ KIO အစိုးရ၏ကြိုးပမ်းမှုများကြောင့်ဖြစ်သည်။

ယခုကဲ့သို့ကျွန်တော်တို့ KIO / KIA ၏အသက်သွေးကျောဖြစ်သောလိုင်ဇာမြို့အတွင်း Covid 19 ကပ်ရောဂါထိန်းချုပ်နိုင်ရန်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသော KIOအစိုးရနှင့်တစ်ကွ Covid 19 ထိန်းချုပ်ရေး Committie တာဝန်ရှိလူကြီးများ၊ဆေးဘက်ဆိုင်ရာ ဆရာဝန် /မ များ Covid 19 ကာကွယ်ရေးလုပ်အားပေးလူငယ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါသည်။

ကျွန်တော်နှင့်တစ်ကွ KIA ရဲဘော်များ CDM ဝန်ထမ်းများ PDF လူငယ်များ ပညာသင်ရန်ရောက်ရှိနေသောကျောင်းသားများအားလုံး Covid 19 ရန်မှလုံခြုံစွာရှိနေကြကြောင်းပါ။ကျွန်တော်တို့တွေလုံခြုံနေကြသော်လည်းတာဝန်လုယူကာတာဝန်မယူနိုင်ကြသောစကစ အောက်တွင် စိတ်ဆင်းရဲကိုယ်ဆင်းရဲစွာ အသက်ရှင်နေကြရသောမြန်မာပြည်သူမျာအားလုံးနှင့် ထပ်တူစိုးရိမ်ပူပန်နေရပါတယ်။ဝမ်းနည်းကြေကွဲရပါတယ်။အားလုံးဂရုစိုက်ကြပါအမျိုးတို့ရယ်….ဒို့မြန်မာနိုင်ငံကြီး Covid 19 ကပ်ဘေးကြီးမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေဗျာ

Gidawn Brang

Be the first to comment

Leave a Reply

Your email address will not be published.


*