KNCC အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်ရှိုထံသို့ Germany နိုင်ငံရောက် မြန်မာမိသားစုများမှ ဥရောပယူရို ၇၀၀၀လှူဒါန်း

KNCC အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်ရှိုထံသို့ Germany နိုင်ငံရောက် မြန်မာမိသားစုများမှ ဥရောပယူရို ၇၀၀၀လှူဒါန်း

၁၂ ဩဂုတ် ၂၀၂၁

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုထံသို့ ဂျာမဏီရောက် မြန်မာနိုင်ငံသားများ မှ ယူရို ၇၀၀၀ လှူဒါန်း ပေးအပ်ပွဲအား

ယနေ့ မြန်မာ စံတော်ချိန် နေ့လယ် ၂.၀၀ နာရီခန့်က Zoom Meeting ဖြင့် ပေးအပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ အလှုငွေ ပေးအပ်လှူဒါန်း
တွေ့ဆုံပွဲသို့

>ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှို

>ရွှေဝါရောင် အရှင်ထာဝရ နော်ဝေ (SMD)

>The Satellite for Myanmar Democracy (SMD) နာယက
ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး

>အလှူရှင် ဂျာမဏီရောက် မြန်မာမိသားစုများ ကိုယ်စားအဖွဲ့

>The Satellite for Myanmar Democracy (SMD) Japan အဖွဲ့မှ အဖွဲ့ဝင်များ

>D-Day Channel မီဒီယာအဖွဲ့

>People Voices ကိုယ်စားလှယ်

>Myanmar Global Support Foundation ( Rally for Rights Japan )အဖွဲ့ တာ​ဝန်ခံတို့ တက်ရောက်ခဲ့ကြသည်။

>ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုမှ လက်ရှိ မြေပြင် အခြေအနေနှင့် လိုအပ်ချက်များအားရှင်းလင်း ပြောကြာခဲ့ပြီး
သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲသည်။

>ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)၊
ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦးနှင် NLD O.C (Japan)မှ တာဝန်ခံ အမျိုးသား ကိုယ်စားလှယ် (၃)ဦးပါဝင်သည့် The Satellite For Myanmar Democracy (SMD) အဖွဲ့သည် NUG အစိုးရတာဝန်ရှိသူများနှင့် တိုက်ရိုက်ချိတ်ဆက် လှူဒါန်းပေးလျှက်ရှိပြီး ထိုင်းနိုင်ငံ အခြေဆိုက် AAC မဟာမိတ်အဖွဲ့အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လှူဒါန်းမှုများအား ချိတ်ဆက် လှူဒါန်းပေးလျှက်ရှိသည်။

SMD အဖွဲ့အနေ့ဖြင့် ဆက်သွယ်ရေး ကဏ္ဍအပါအဝင်၊ NUG အစိုးရဌာန​
များနှင့် အရေးပေါ် လိုအပ်သည့် နေရာများသို့ ချိတ်ဆက်လှူဒါန်းပေးအပ်လျှက်ရှိသည်။

The Satellite For Myanmar Democracy (SMD) နာယကနှင့် အဖွဲ့ဝင်များ

#ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ) တာဝန်ခံ

နာယက အဖွဲ့ဝင်များ
ဦးမြင့်လွင် (၂၀၁၅-၂၀၂၀ ပုဇွန်တောင်မြို့နယ် ပြည်သု့လွှတ်တော် ကိုယ်စားလှယ်)

ဦးစောသလေးစော (၂၀၁၅-၂၀၂၀ ရွှေကျင်မြို့နယ် ပြည်သု့လွှတ်တော် ကိုယ်စားလှယ်)

ဒေါ်အေးမြမြမျိုး (၂၀၁၅ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်>၂၀၂၀ လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်)

(The Satellite for Myanmar Democracy) အဖွဲ့ဝင်များ Japan.

ဦးဇေယျာဝင်း

ဦးသာမည

ဒီမိုဝေယံ

သတင်း၊ ဓာတ်ပုံ

The Satellite For Myanmar Democracy
(SMD)

ddaychannel

Be the first to comment

Leave a Reply

Your email address will not be published.


*