KNDO နှင့် တိုက်ပွဲတွင် စစ်ကောင်စီနှင့် လက်ပါးစေ BGF တပ်ဖွဲ့များ အချင်းချင်းမှားပစ်မိပြီး ၂၃ ထက်မနည်း သေဆုံး

KNDO နှင့် တိုက်ပွဲတွင် စစ်ကောင်စီနှင့် လက်ပါးစေ BGF တပ်ဖွဲ့များ အချင်းချင်းမှားပစ်မိပြီး ၂၃ ထက်မနည်း သေဆုံး

ရန်ကုန်၊ သြဂုတ် ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေအတွင်း ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များ၊ လက်အောက်ခံ BGF တပ်များနှင့် KNDO တို့ သြဂုတ်လ ၁၉ ရက် ညပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တို့အချင်းချင်း RPG နှင့် ပစ်ခတ်မိပြီး စုစုပေါင်း ၂၃ ဦးထက်မနည်း သေဆုံးဟု KNDO သတင်းရင်းမြစ်ထံမှ သိရသည်။

“ညက တိုက်ပွဲမှာ စကစ တပ်ခွဲမှုးနဲ့ စုစုပေါင်း၂၃ ကျော်လောက် သေတယ်၊ BGF နဲ့ စကစတွေ သူတို့ချင်း RPG နဲ့ မှားပစ်မိပြီး အဲဒီနေရာတွေမှာ အလောင်းတွေ ပုံနေတာ” ဟု KNDO တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ ထိုးစစ်ဆင်နေပြီး သြဂုတ်လ ၁၄ ရက်မှ ၁၇ ရက်အတွင်း KNLA နှင့် ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးခဲ့သည်။

သြဂုတ်လ ၁၈ ရက်တွင် စစ်ကောင်စီ၏ ညာတဃူကျိုးရှေ့တန်းစခန်းမှ တပ်သား ၂ ဦး ထိုင်းနိုင်ငံဘက်ခြမ်းရှိ သူးမွဲထာကျေးရွာဘက်သို့ ထွက်ပြေးခဲ့ပြီး အဆိုပါ တပ်သား ၂ ဦးကို ထိုင်းစစ်တပ်မှ စစ်ကောင်စီထံ ပြန်အပ်ခဲ့ကြောင်း သူးမွဲထာရွာသားများထံမှ သိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*