KNLA တပ်မဟာ (၂ )နှင့် အကြမ်းဖက်စစ်တပ်တို့ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး သေဆုံး 

KNLA တပ်မဟာ (၂ )နှင့် အကြမ်းဖက်စစ်တပ်တို့ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး သေဆုံး

 

KNLA တပ်မဟာ( ၂ )၏ နယ်မြေဖြစ်သည့် တောင်ငူခရိုင် ထန်းတပင် (ထောထတူ)မြို့နယ်တွင် အင်အားဖြည့်တင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNDO တပ်ရင်း (၄)တို့ သြဂုတ် ၂၄ ရက် မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်‌ေကာင်စီ အဖွဲ့ဝင်ဦးရေ ၁၀ နီးပါးသေဆုံးနိုင်ကြောင်း KNDO တပ်ရင်း (၄ )၏ ရုံးထိုင်မှူး ဗိုလ်ကြီးစောတာဘိုမူးက အတည်ပြုပြော​ကြားသည်။

 

“ဒီမနက် ၆ နာရီမှာဖြစ်တာပါ။ ရေသိုးကြီးရွာအကျော် စစ်ကောင်စီတပ်ရဲ့ ကိုးဒေးစခန်းမရောက်ခင်ဖြစ်တာ၊ ၁၈မိုင်း ၃လုံးနဲ့ ကျွန်တော်တို့ဆွဲပြီးပစ်တယ်။ စကစက လူသစ်တွေလား ထောင်သားတွေလားမသိဘူး။ အစုလိုက် အပြုံလိုက်ကို သွားနေတာ၊ ဆွဲမိုင်းဆွဲပီးရော ရန်သူတွေ အော်သံတွေ ညည်းသံတွေ ကြားနေရတယ်။ အနည်းဆုံးတော့ ၁၀ယောက်အထက်သေဆုံးမယ်။ သေဆုံးမှု အတည်ကိုတော့ ဘယ်လောက်ရှိလည်း အကုန်မသိရသေးဘူး။ တိုက်ပွဲက နာရီဝက်ကျော်ကြာပြီး ခုပြန်ငြိမ်သွားပါပြီ။ စကစတွေ အင်အားပိုတိုး လှုပ်ရှားလာတာကြောင့် တိုက်ပွဲ ပိုပြင်းထန်လာဖို့ပဲရှိတာပေါ့”ဟု ၎င်းကဆိုသည်။

 

KNDO တပ်ရင်း( ၄ )သည် ဒေါဖခိုမြို့နယ်နှင့် ထန်းတပင်မြို့နယ် အရှေ့ခြမ်းတွင် အခြေပြုလှုပ်ရှားသည်။

 

ယခုလတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် KNDO တပ်ရင်း (၄)တို့ ရင်ဆိုင်ထိတွေ့မှု မကြာခဏ ဖြစ်‌ပေါ်ခဲ့သည်။

 

 

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*