KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ဦးသေ 

KNU တပ်မဟာ(၁)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေ

 

Aug 29

 

ကရင်အမျိုးသားအစည်းအရုံး (KNU)၏တပ်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံးဦးသေဆုံးကြောင်း KNU က ယနေ့သတင်းထုတ်ပြန်သည်။

 

သထုံခရိုင်၊ ဘားအံ မြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာအနီးတွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က KNLA တပ်ရင်း(၁)နှင့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်များ ၁၅မိနစ်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။

 

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေ

ဆုံးကြောင်း သိရပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့သည်ဟု KNU ကထုတ်ပြန်သည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*