KNU တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီမှ အင်အားဖြည့်တင်းနေပြီး ထိုးစစ်ဆင်လာပါက ပြန်လည်တိုက်ခိုက်ရန် အဆင်သင့်ဟု KNU ပြေ

KNU တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီမှ အင်အားဖြည့်တင်းနေပြီး ထိုးစစ်ဆင်လာပါက ပြန်လည်တိုက်ခိုက်ရန် အဆင်သင့်ဟု KNU ပြော

ရန်ကုန်၊ သြဂုတ် ၁၇

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) စစ်ရေးလှုပ်ရှားရာ သထုံခရိုင်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် တပ်အင်အားတိုးချဲ့နေပြီး ထိုးစစ်ဆင်လာပါက ပြန်လည်တိုက်ခိုက်သွားရန်အဆင်သင့်ဟု တပ်မဟာ ၁ တပ်မှူးတစ်ဦးမှ ပြောကြောင်း KNU သူးလေသတင်းစဉ်တွင် ဖော်ပြသည်။

သြဂုတ်လ ၁၆ ရက် ယမန်နေ့တွင် မွန်ပြည်နယ် ဘီးလေးမြို့နယ် မိုးကောင်းကျေးရွာနှင့် ကျိုက်ထိုဖက်မှာ စစ်ကောင်စီက တပ်အင်အားတွေ အများအပြားပို့ဆောင်ထားပြီး အာဏာသိမ်းစစ်ကောင်စီမှ KNU တပ်မဟာ (၁)ကို ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေသည်ဟု KNU တပ်မဟာ (၁) တပ်မှူးတစ်ဦးမှ ပြောသည်။

တပ်အင်အားအများအပြားပါသော စစ်ကောင်စီ စစ်ကား ၁၆ စီး သြဂုတ်လ ၁၆ ရက် နေ့လယ်ပိုင်းက မော်လမြိုင်မြို့မှ တဆင့် သံလွင်တံတားကို ဖြတ်ကာ သထုံမြို့ဘက်သို့ ဦးတည်သွားကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

သြဂုတ်လ ၁၁ ရက် ညနေပိုင်းတွင် မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ KNU တပ်မဟာ ၁ မြို့နယ်ရုံးတစ်ခုကို အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်တိုက်ခိုက်ပြီး KNU တပ်သား ၂ ဦးနှင့် အနီးအနားကျေးရွာမှ ပြည်သူ ၁၂ ဦး ဖမ်းဆီးခံထားရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*