KNU/နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅) တိုက်ပွဲသတင်

KNU/နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅) တိုက်ပွဲသတင်း

လွန်ခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ ၂၀၂၁ ခုနှစ် မနက် 7:40am အချိန်တွင် အကြမ်းဖက် စစ်ကောင်စီနှင် KNLA အကြား တိုက်ပွဲ (၄)ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ဘက်မှ (၃)ဦးသေဆုံးကြောင်းသိရပါသည်။

တစ်ရက်ထဲမှာ အကြမ်းဖက် စစ်ကောင်စီ နှင့် KNLA အကြား လူသောမြို့နယ် တင်းမူဒဲ ဒေသမှာတိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ဘက်မှ (၁)ဦးသေးဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့သည်ဟု သတင်းသိရသည်။

ဇူလိုင် ၁၉ ရက်နေ့ ၂၀၂၁ ခုနစ် ညနေ 2:20pm အချိန် အကြမ်းဖက် စစ်ကောင်စီ နှင့် BGF နယ်ခြားစောင့်တပ် ပူးပေါင်းတပ်များ နိုဃဲထာ ရွာ နှင့်မို့လိုးပါ ရွားထဲ လက်နက်ကြီး အလုံး (၄၀) ရွာထဲပစ်ချလိုက်သည့်အတွက် ပြည်သူ ကျွဲ (၅)ကောင်သေဆုံးကြောင်းသတင်းသိရသည်။

မို့လိုးပါ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ တပ် ကားတစ်စီး ပျက်စီးကြောင်းသိရသည်။
တိုက်ပွဲတိုင်းမှာ KNLA ဖက်မှာ ထိခိုက်မူမရှိကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ နှင့် နယ်ခြားစောင့်တပ် BGF တပ်များ တပ်မဟာ (၅) ထဲအင်အားဖြည့်စည်း ထပ်မံလုပ်ရှားလာနေသည်။

ThooLei

Be the first to comment

Leave a Reply

Your email address will not be published.


*