NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန်၊ ၃ လအတွင်း မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီက ဘာမှ မဆောင်ရွက်နိုင်လျှင် ကုလညီလာ ခံ၏ ငြိမ်းချမ်းရေး အတွက်စည်းလုံးညီညွတ်မှုပြဋ္ဌာန်းချက် ဖော်ဆောင်ရန် ဗြိတိန်ပါလီမန်နိုင်ငံခြားရေးကော်မတီက ထုတ်ပြန်

NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန်၊ ၃ လအတွင်း မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီက ဘာမှ မဆောင်ရွက်နိုင်လျှင် ကုလညီလာ ခံ၏ ငြိမ်းချမ်းရေး အတွက်စည်းလုံးညီညွတ်မှုပြဋ္ဌာန်းချက် ဖော်ဆောင်ရန် ဗြိတိန်ပါလီမန်နိုင်ငံခြားရေးကော်မတီက ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၇

ဗြိတိန်ပါလီမန် နိုင်ငံခြားရေးကော်မတီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဗြိတိန်အစိုးရက ဆောင်ရွက်ရန်ရန် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်လိုက်ပြီး အဆို ပါ အစီရင်ခံစာအရ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အသိ အမှတ်ပြုရန်၊ ၃ လအတွင်း မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘာမှ မဆောင်ရွက်နိုင်ပါလျှင် ကုလသမဂ္ဂအထွေထွေညီလာခံ ခေါ်ယူ၍ ငြိမ်းချမ်းရေး အတွက်စည်းလုံးညီညွတ်မှုပြဋ္ဌာန်းချက် 377 (V) ကိုအကောင် အထည်ဖော်ရန် ထုတ်ပြန်တိုက်တွန်း လိုက်သည်။

ဗြိတိသျှပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီက မြန်မာနိုင်ငံ အကျပ်အတည်းကို ဗြိတိန်အစိုးရက တုံ့ပြန်ဆောင်ရွက်ရန် အစီရင်ခံစာတစ်စောင်ကို ဇူလိုင်လ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အနာဂတ်တွင် ဗြိတိန်အစိုးရ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာမှ အရေးကြီးသော အချက်များကို ပြန်လည် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
===

ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ရလဒ်ကို အသိအမှတ်မပြုလျှင် ဒီမိုကရေစီအရေးကို ထောက်ခံသည်ဟု မဆိုနိုင်ပေ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် မြန်မာပြည်သူများကို တရားဝင်ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာလည်း တရားမျှတပြီး မှန်ကန်သည်ဟု တတိယအုပ်စု လေ့လာသူများက အတည်ပြုထားသည်။

NUG အစိုးရကို အဝေးရောက်အစိုးရဆိုသည်ထက် တရားဝင်အာဏာလွှဲယူရန် စောင့်ဆိုင်းနေသော အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံသင့်သည်။

ဗြိတိန်အစိုးရသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေး ကောက်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ပံ့ကူညီပြီး ငြိမ်းချမ်းသော ရလဒ်များ ထွက်ရှိလာရန် စစ်ကောင်စီ၏ တရားမဝင် ဆောင်ရွက်မှုများကို အာရုံစိုက်မှု ပေးနိုင်ရန် NUG နှင့် ပူးတွဲ အလုပ်လုပ်ကိုင်ရန် ထောက်ခံသည်။

NUG အစိုးရကို ထောက်ခံမှုသည် NUG ၏ လူနည်းစု အခွင့်အရေးနှင့် မတူကွဲပြားသော တိုင်းရင်းသား အစုအဖွဲ့များ၏ အခွင့်အရေး ကတိကဝတ်များကို အကောင် အထည်ဖော်ရန် ဆက်လက် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး အတိတ်က ကျူးလွန်သော ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းရန်လည်းဖြစ် သည်။ ဗြိတိန်အစိုးရသည် အခြားနိုင်ငံများကိုလည်း ယင်းကဲ့သို့ ဆောင်ရွက်ရန် တွန်းအားပေးသင့်သည်။

==

လာမည့်သုံးလအတွင်းကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ သဘော တူညီမှု မရရှိခဲ့ပါက ဗြိတိန်အစိုးရအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ငြိမ်းချမ်းရေးအတွက်စည်းလုံးညီညွှတ်ရေးဆုံးဖြတ်ချက်ချနိုင်ရေးအတွက်ဖြစ်နိုင်ခြေရှိမရှိလေ့လာရန်အစိုးရအားအကြံပြုပါသည်။

မြန်မာ့အခြေအနေ ဆိုးဝါးလာပါက အထွေထွေညီလာခံ ၏ဆုံးဖြတ်ချက် 377 (V) ကိုငြိမ်းချမ်းရေးအတွက်စည်းလုံးညီညွတ်မှုပြဋ္ဌာန်းချက်ကို ဆက်လက်ဆောင် ရွက်ရန် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြ၍ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထူထောင်ရန် ဆောင်ရွက်ရန်ဖြစ်သည်။

၁၉၅၀ ခုနှစ်တွင်အတည်ပြုခဲ့သော အဆိုပါ ဆုံးဖြတ် ချက်အရ လုံခြုံရေးကောင်စီသည်အမြဲတမ်းအဖွဲ့ဝင်များ၏တညီတညွတ်တည်းမရှိခြင်းကြောင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိန်းသိမ်းရန်လိုအပ်သည့်အတိုင်းဆောင်ရွက်ရန်အဓိကတာ ၀န်ကိုမထမ်းဆောင်နိုင်လျှင် ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်သည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုပြန်လည် ထူထောင်နိုင်ရန်အတွက်အဖွဲ့ဝင်များသို့အကြံပြုချက်များပေးရန်ချက်ချင်းပင် အရေးယူဆောင်ရွက်နိုင်သည်။ အထွေထွေညီလာခံသည်အရေးပေါ်အထူးအစည်း အဝေး၏ယန္တရားကိုအသုံးပြုပြီးတွေ့ဆုံနိုင်သည်။

====

ဗြိတိန်က ဒေသတွင်း နိုင်ငံများနှင့်ပူးပေါင်း၍ မြန်မာစစ်ကောင်စီ အသိအမှတ်မပြုရေးနှင့် လက်နက်တင်ပို့ရောင်းချမှုများကို ပိတ်ပင်ရန် အရေးယူဆောင် ရွက်မှု လုပ်ဆောင်သင့်သည်။

ဗြိတိန်အစိုးရသည် စစ်ကောင်စီကို အသိအမှတ်ပြုသည့် လုပ်ဆောင်ချက်များကို လုံး၀ မလုပ်ဆောင်ရန် လိုအပ်သည်။ စစ်ကောင်စီသည် ဗြိတိန်အစိုးရ၏ ဆက်ဆံမှု တစ်ခုခုကို ဆုပ်ကိုင်၍ ၎င်းတို့ကို အသိအမှတ်ပြု​ကြောင်း ဝါဒဖြန့်နိုင်သော ကြောင့်ဖြစ်သည်။

သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေး စေ့စပ်ညှိနှိုင်းမှုကို တင်းကျပ်စွာ ကန့်သတ်လုပ်ဆောင်ခြင်းဖြင့် အရပ် သားများအပေါ် စစ်ကောင်စီက ကျူးလွန်နေသော အကြမ်းဖက်မှုများကို လျှော့ချနိုင်ရန် လုပ် ဆောင်သင့်သည်။

စစ်ကောင်စီ၏ လက်နက်ထောက်ပံ့ရယူနိုင်မှုကို ထိန်း ချုပ် ပိတ်ပင်ခြင်းသည် မြန်မာတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး မြင်တွေ့လိုသူများအတွက် ပထမဦးစားပေး လုပ်ငန်းဖြစ်သင့်သည်။

ဗြိတိန်အနေဖြင့် စစ်ကောင်စီသို့ ထိရောက်သော လက်နက် ဝယ်ယူမှု ကန့် သတ် ပိတ်ပင်မှု ဖြစ်ပေါ်လာရေး လုံခြုံရေးကောင်စီမှ တစ်ဆင့် ဆောင်ရွက်ရန် ထောက်ခံသည်။

ထို့ပြင် G7 ၊ Quad အပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းနှင့် ပူးပေါင်း၍ စစ်ကောင်စီသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ဆောင်ရွက်သင့်ပြီး အခြားနိုင်ငံများကိုလည်း စစ်ကောင်စီသို့ သင်တန်းများ ပေးခြင်း ရပ်ဆိုင်းရန် ဖိအားပေးသင့်သည်။

အာဆီယံ၏ကြားဝင်စေ့စပ်ဖြန်ဖြေရေးကြိုးပမ်းမှုများသည်အောင်မြင်မှုရရန်အခွင့်အလမ်းကောင်း ရရှိလိုပါက စစ်အစိုးရခေါင်းဆောင်များကိုတာဝန်ခံခြင်းအပေါ်အာရုံစူးစိုက်ကာ ပိုမို၍ ခိုင်မာ​စေရန် ​ဆောင်ရွက်ရမည်။

ယူကေသည်အာဆီယံ၏ ဆွေးနွေးမှုများတွင်လူ့အခွင့် အရေးနှင့်နိုင်ငံတကာဥပဒေများ၏အရေးပါမှုကိုချဲ့ထွင်ရန်တာဝန်ရှိသည်။

ဗြိတိန်အနေဖြင့် အာဆီယံနှင့်ပူးတွဲ ဆောင်ရွက်မည်ဆိုပါက စစ်ကောင်စီကို အသိအမှတ်မပြုရန် လုပ်ဆောင်သင့်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ် ပေးရန်၊ အ ကြမ်း ဖက်မှုများ အားလုံး ရပ်တန့်ခြင်းသည် ဆွေးနွေးညှိနှိုင်းမှု၏ အခြေခံအကျဆုံးသော အစိတ်အပိုင်းအဖြစ် ဆောင်ရွက်သင့်သည်။

ဗြိတိန်သည် အာဆီယံကို ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး စစ်ကောင်စီအပေါ် အချိန်ကာလ သတ်မှတ်ပေးရန်နှင့် စေ့စပ်ညှိနှိုင်းမှုကို ဦး ဆောင် ရန်အာဆီယံသံတမန်ခန့်အပ်ခြင်းနှင့် ပတ် သက် ၍ ဆုံးဖြတ်ချက်ကိုမြန်ဆန်စွာလုပ်ဆောင်ရန် တွန်းအားပေးသင့်သည်။

စင်ကာပူနှင့်ထိုင်းရှိ ဘဏ်များကို စစ်ကောင်စီအပေါ် ဗြိတိန်က အရေးယူထားမှု သက်ရောက်မှုရှိစေရေး တွန်း အားပေးခြင်းဖြင့် စစ်ကောင်စီဝင်ငွေရလမ်းများကို ပိတ်ဆို့ရန်ဖြစ်သည်။ စစ်ကောင်စီအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ထိ​ရောက်မှု ရှိ​စေ​ရေး သေချာအောင် ဆောင်ရွက်ရန် အကြံပြုသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားရခြင်းမှာ အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နိုင်သည်ဟု ယုံကြည်မှုကြောင့် မြန်မာစစ်ဗိုလ်ချုပ်များသည် မည်သည့် အကျိုးဆက်မရှိဘဲ ၎င်းတို့ ဆောင်ရွက်နိုင်သည်ဟု ယုံကြည်နေကြခြင်း ​ကြောင့်ဖြစ်သည်။

အဆိုပါ စစ်ဗိုလ်ချုပ်များ၏ ယုံကြည်မှုသည် မှန်ကန်မှုမရှိကြောင်း သက်သေ ပြရန် အလွန်အရေးကြီးသည်။ အတိတ်က ကျူးလွန်မှုများအတွက် အပြစ်ပေးအရေးယူမှု လုပ် ဆောင်ခြင်းဖြင့် အနာဂတ်တွင် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန်နှင့် နိုင်ငံတကာဥပဒေများသည် ထိရောက်​သော အကျိုးဆက်ရှိကြောင်း သက်သေပြရန်ဖြစ်သည်။ ဗြိတိန်အစိုးရသည် စစ်ခေါင်းဆောင်များ အရေးယူခံရခြင်းမရှိဘဲ နေထိုင်မှုကို ခွင့်မပြုသင့်ပေ။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများကို ICC တရားရုံးသို့ ပို့ဆောင် အရေးယူရေး ဗြိတိန်အစိုးရက ထောက်ခံကြောင်း တရားဝင် ထုတ်ဖော် ကြေညာရန် အကြံပြုသည်။

ICJ တရားရုံးတွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တရားစွဲဆိုထားမှုကို တရားစွဲဆိုသူ ဂမ်ဘီယာနိုင်ငံဘက်မှ ဝင်ရောက်ပူးပေါင်းပါဝင်ရန် အကြံပြုသည်။

Khit khit media

Be the first to comment

Leave a Reply

Your email address will not be published.


*