NUG ပရိုဖိုင်းချိန်းသည့် ကျော်ကြားသော လူပုဂ္ဂိုလ် ၆၃ဦးကို ရဲက အကြမ်း ဖက်ဥပဒေဖြင့် အရေးယူမည့်စာ လူမှုကွန်ရက်တွင် ပြန့်နှံ့လာ၊ ရဲဘက်က ဟုတ်မှန်ကြောင်း အတည်ပြု။

NUG ပရိုဖိုင်း ချိန်းသည့် ကျော်ကြားသော လူပုဂ္ဂိုလ် ၆၃ ဦးကို ရဲက အကြမ်း ဖက်ဥပဒေဖြင့် အရေးယူမည့်စာ လူမှုကွန်ရက်တွင် ပြန့်နှံ့လာ၊ ရဲဘက်က ဟုတ် မှန် ကြောင်း အတည်ပြု။

ရန်ကုန်၊ ဩဂုတ် ၁၃

ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသော ပရိုဖိုင်ချိန်းသည့် အနုပညာရှင်များအပါအဝင် လူပုဂ္ဂိုလ် ၆၃ ဦးကို အရေးယူမည့်ညွှန်ကြားစာ လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ယင်းစာသည် အမှန်တကယ် ထွက်ရှိလာသည်မှာဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်။ NUG ပရိုဖိုင် ပြောင်းတဲ့သူတွေ ပြုစုဖို့နဲ့ အရေးယူဖို့ ဆိုတဲ့ ညွှန်ကြားချက်ရှိနေပါတယ်။ အခုက တော့ NUG CRPH PDF ကို အကြမ်းဖက်အဖြစ် ကြေညာထားတာဖြစ်လို့ ပရိုဖိုင်ချိန်းသူတွေကို အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အရေးယူဖို့ရှိနေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီသည် အကြမ်းဖက်ဥပဒေကို မကြာသေးမီက ပြင်ဆင်ခဲ့ပြီး NUG ပရိုဖိုင် ချိန်းသူများကို အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) သည် အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံမှုဖြစ်ပြီး ယင်းဥပဒေအရ ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အခြားအရာရှိတစ်ဦးကလည်း NUG ပရိုဖိုင် ချိန်းသူများ များပြားနေခြင်းကြောင့် စံပြအနေဖြင့် ကျော်ကြားသူများကို အရေးယူပြီး ပြည်သူများအကြား NUG ပရိုဖိုင် မချိန်းစေရန် နှင့် NUGကို ပေါ်ပေါ်တင်တင် ထောက်ခံမှုမရှိစေရေး လုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်အမိန့် ပေးညွှန်ကြားထားသည်ဟု ဆိုသည်။

တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ လူမှုကွန်ရက်တွင် NUG ပရိုဖိုင် ချိန်းသူ စုစုပေါင်း ၃ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*