NUG အစိုးရကို အားပေးရန်နှင့် စစ်ကောင်စီနှင့်ပူးပေါင်းလျှင် အကျိုးမရှိဟု မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာ မွန်လူငယ်များကို နှိုးဆော်

NUG အစိုးရကို အားပေးရန်နှင့် စစ်ကောင်စီနှင့်ပူးပေါင်းလျှင် အကျိုးမရှိဟု မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာ မွန်လူငယ်များကို နှိုးဆော်

ရန်ကုန်၊ သြဂုတ် ၂၂

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာNUG အစိုးရကို အားပေးဖို့လိုပြီး စစ်ကောင်စီနှင့်ပူးပေါင်းသည်မှာ အကျိုးမရှိကြောင်း ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးအထိမ်းအမှတ် နှိုးဆော်စကားပြောဆိုလိုက်သည်။

” ဗမာလူထုတွေ တပ်မတော်ကို ဆန့်ကျင်လာတာကို အခွင့်ကောင်းယူပြီး ရသမျှအားကို စုစည်းကာ တိုက်ပွဲဝင်သွားဖို့လိုတယ်။ NUG ကိုအားပေးဖို့လိုတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတာ အကျိုးမရှိဘူး” ဟု မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာက နှိုးဆော်စကားပြောဆိုလိုက်ခြင်းဖြစ်သည်။

တစ်ခြားသတင်း
ခင်ဦးမြို့နယ်တွင် စျေးသည် ကိုမောင်အေးနှင့် မနွဲ့နွဲ့ တို့ လင်မယားကို စစ်ကောင်စီတပ်များက ပစ်သတ်၊ စျေးရောင်းရငွေ ၁၄ သိန်းကိုလည်း စစ်တပ်က လုယူထား

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ည ၈ နာရီဝန်းကျင် စိုက်ပျိုးရေး​ ဆေးရောင်းသည့် ကိုမောင်အေးနှင့် မနွဲ့နွဲ့တို့ လင်မယားကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယမန်နေ့ည ၈နာရီဝန်းကျင် စစ်ကိုင်းတိုင်း ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ဗအိုးရွာဘက်မှ စိုက်ပျိုးရေး ဆေးရောင်းပြီး ပြန်လာသော ကိုမောင်အေးနှင့် မနွဲ့နွဲ့တို့ လင်မယားကို ခင်ဦးနှင့် ကံသာယာကြား တံတားလိန်အနီးတွင် အကြမ်း ဖက် စစ်ကောင်စီတပ်များက ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ကိုမောင်အေးတို့လင်မယားသည် ဗအိုးရွာသို့ စိုက်ပျိုးရေး ဆေးသွားရောင်းပြီး ကံသစ်ရွာသို့ အပြန်လမ်း ခင်ဦးမြို့နှင့် ကံသာယာရွာကြားတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ အလောင်းများကို စစ်ကောင်စီတပ်သားများက ခင်ဦးဆေးရုံသို့ သယ်ဆောင်သွားပြီး သက်ဆိုင်သူမိသားစုများကို ဆေးရုံသို့ လာသယ်ခိုင်းကြောင်း၊ သေဆုံးသူ လင်မယားတွင် သုံးနှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ကြောင်း သိရှိရသည်။

“ခင်ဦး မှာ မနေ့က ရဲ ၂ ဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဦး တစ်မြို့နယ်လုံး ညက မီးဖြတ်ပြီး စစ်ခွေးတွေက ပတ် ပတ် လည် လိုက်ရှာပြီး မွှေနေကြပါတယ်။ အဲဒီမှာ စျေးသည်လင်မယားက စစ်ကောင်စီတပ်နဲ့ တွေ့ပြီးတော့ စစ်ခွေးတွေက သေနတ်နဲ့ ယောကျားလုပ်သူကို ပစ်တယ်။ မိန်းမလုပ်သူက ထွက်ပြေးတော့ မိန်းမလုပ်သူပါပစ်သတ်လို့ နေရာမှာတင်ပွဲ ချင်းပြီး သေဆုံးသွားကြတယ်။ သေနတ်ပစ်တဲ့ခွေးတွေက မူးရူးသောက် စားထားတယ်လို့သိရပါတယ်။ စျေးသည် လင်မယားရဲ့ ပိုက်ဆံ ၁၄ သိန်းကို လည်းစစ်ခွေးတွေယူသွားတယ်။ သေဆုံးသွားတဲ့ လင်မယားမှာ ၃ နှစ်အရွယ်သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။ အမျိုးသားကနဖူးကျည်ပေါက်ဒဏ်ရာ၊ အမျိုးသမီးကဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ ဆုံးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*