Zomi Federal Union(ZFU) An Rak Chuah Cang Tih Ban An Nung Cang Ko Hih Uar An Um Bak

Zomi Federal Union – ZFU ဖြစ်ပေါ် လာပုံ, Source: Zomi Federal Union(ZFU) ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်လာသောအခါ နိုင်ငံအတွင်း ငြိမ်းချမ်းမှု နှင့် လုံခြုံမှုများပျေက်ကွယ်ခဲ့သည်။ ပြည်သူများသည် စစ်အာဏာသိမ်းမှု မလိုလားကြောင်းကို နည်းမျိုးစုံဖြင့် ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည်။ သံပုံးတီးခြင်း ၊ လမ်းပေါ်ထွက် စီတန်းဆန္ဒပြခြင်း အပါအဝင် ၊ နည်းလမ်းမျိုးစုံဖြင့် အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ကြောင်းဆန္ဒပြကြသည်။ CDM ဝင်ထားသော သူများ အပါအဝင် အမျိုးသမီး ကလေးငယ်များမှအစ ညှင်းပန်းနှိပ်စက်ခံရခြင်း ၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်းများအပြင် အသက်အန္တရယ်စိုးရိမ်ရသည့် အခြေအနေထိ ရောက်လာသည်။ နေ့နေ့ညည ဘဝလုံခြုံမှုများမရှိတော့ဘဲ အိုးအိမ် ပိုင်ဆိုင်မှုများကို လုယူ ဖျက်ဆီးခံရမှုများလည်း များစွာဖြစ်ပေါ်လာသည်။

တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှုသည် အလိုအပ်ဆုံးဖြစ်ပြီး အတူတကွညီညာစွာ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်လာပြီဖြစ်သည် ။ ပြည်သူများအနေဖြင့်လည်း ဆန္ဒထုတ်ဖော်ခြင်းနှင့် CDM များကို ကူညီထောက်ပံ့ရာတွင် ၊ အမျိုးသားအမျိုးသမီး ၊ အသက်အရွယ်ပိုင်းခြားမှုမရှိဘဲ ၊ မိမိလုပ်နိုင်သည့် ကန္ဏတွင် ပါဝင်လာကြသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် မည်သူမည်ဝါမခွဲခြားဘဲ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီဖြစ်သည်။ ထိုမှတစ်ဆင့် လုပ်ငန်းဆောင်တာများနှင့် ပက်သက်၍ ဆင့်ကဲ့ဆွေးနွေး လုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်ကြသည်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ၊ ရပ်ရွာတစ်ခုနှင့်တစ်ခု အကြောင်းကြားခြင်း ၊ အချိတ်အဆက်ရှိခြင်းများလိုလာပြီဖြစ်သည် ။ ထိုအခြေအနေမျိုးတွင် မိမိကျွမ်းကျင်သော နယ်ပယ်အလိုက် တာဝန်ပေးမှုများလည်း လိုအပ်လာပြီဖြစ်သည်။

တစ်ဆက်တည်းမှာပင် အရပ်ဘက် ၊ အစိုးရဘက် အဖွဲ့အစည်းအမျိုးမျိုးနှင့် ဆက်သွယ်ရန် ဖြစ်ပေါ်လာသော လိုအပ်ချက်အရ ၊ အဖွဲ့အစည်းတစ်ခုလိုအပ်လာရာ “ ZFU – Zomi Federal Union “ ဟုမှည့်ကာ ဖွဲ့စည်းလိုက်သည်။ ZFU ဆိုသည်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် တော်လှန်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရင်း ထွက်ပေါ်လာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မိမိတတ််နိုင်သည့်ဘက်တွင် အသီးသီးပါဝင်လုပ်ဆောင်ပြီးကြသော သူများထဲမှ အချိတ်အဆက်ရသောသူများ အတူတကွပူးပေါင်းလုပ်ဆောင်ရင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အစပြုတည်ထောင်သောသူစသဖြင့် တစ်ဦးတစ်ယောက် နာမည်ယူမှုအတွက် ထွက်ပေါ်လာခြင်းမဟုတ်သလို ၊ ရှိနှင့်ပြီးသော အဖွဲ့အစည်းများကို ယှဉ်ပြိုင်ရန် အတွက်လည်း မဟုတ်ပေ။ ရှိနှင့်နေပြီးဖြစ်သော အဖွဲ့အစည်းများကို အားမရခြင်း ၊ မနှစ်သက်ခြင်းကြောင့်လည်းမဟုတ်သလို အဖွဲ့အစည်း သစ်တစ်ခု တည်ထောင်ချင်သည့် ရည်ရွယ်ချက်ကြောင့်လည်း မဟုတ်ပေ။ စစ်အာဏာ ရှင်စနစ် မလိုလားသဖြင့် ပြည်သူများဘက်မှ တတ်နိုင်သည့်ဘက်က ပါဝင်လုပ်ဆောင်ရင်း လိုအပ်ချက်အရ ထွက်ပေါ်လာသော အဖွဲ့အစည်းဖြစ်သည်။

ဇိုမီးလူမျိုးများအနေဖြင့် နိုင်ငံနှင့်လူမျိုးအတွက် မိမိတတ်နိုင်သည့်ဘက်က ပါဝင်လုပ်ဆောင်ကြရင်း ညီညီညွတ်ညွတ် ပူးပေါင်းမိကြခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပမှ ပြည်သူများ ပူးပေါင်းလုပ်ဆောင်ရင်း တစ်လပြည့်ပြီးသောအချိန် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် ( ဗုဒ္ဓဟူး ) နေ့တွင် ZFU အမည်ကို အတည်ပြုဖွဲ့စည်းခဲ့ကြသည်။ ထို့ကြောင့် ရှိနှင့်ပြီးသော အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် နားလည်ပေးရန် မျှော်လင့်မိပါသည် ။ အားပေးခြင်း အားဖြင့်သော်လည်းကောင်း ၊ မိမိလုပ်ဆောင်နိုင်သော အပိုင်းများတွင်လည်းကောင်း ၊ သွေးစည်းညီညွှတ်စွာလုပ်ဆောင်ကြဖို့ မေတ္တာနှင့် ဖိတ်ခေါ်ချင်ပါသည်။

ဤစာသည် ZFU ဖြစ်ပေါ်လာရသော အကြောင်းပြချက်ဖြစ်ပြီး ၊ ZFU ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများကို တခြား ZFU page ဗနှင့် ZFU fb account များတွငိ ဖတ်ရှူနိုင်ပါသည်။ ကျေးဇူးတင်လေးစားလျက် Zomi Federal Union ဓာတ်ပုံပါ လက်နက်ကိုင်အဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ထုတ်ဖို့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ထုတ်ဖို့လိုလားသော ဘယ်အဖွဲ့အစည်းနဲ့ မဆို လက်တွဲသွားမည်ဖြစ်ကြောင်း နှင့် စိတ်ဝင်စားသူများ လာရောက်ပူးပေါင်းကြရန် တိုက်တွန်းလိုပါသည်။တီးတိန်ပြည်သူ့စစ်သည် တီးတိန်မြို့နယ်ကို အဓိကထားပြီး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ပြည်သူလူထုနဲ့အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ Alunglut ih om leh hong contact un.(PDF -Z/ Z-PDF) အရေးတော်ပုံအောင်ရမည်။🙏🙏💪💪 Photo:People Defence Force (Zoland-Group 1) Zomi People Defence force (ZPDF)

Be the first to comment

Leave a Reply

Your email address will not be published.


*