ကချင်နှစ်ခြင်းခရစ်ယာန်၏ ဩဇာတိက္ကမကြီးသည့် သင်းအုပ်ဆရာတော်ကြီး

ကချင်နှစ်ခြင်းခရစ်ယာန်၏ ဩဇာတိက္ကမကြီးသည့် သင်းအုပ်ဆရာတော်ကြီး

Rev. Gunhtang La Myen (သိက္ခာတော်ရဆရာတော်ကြီး ဂွန်ထန်လမြန်) ဘုန်းတော်ဝင်စားသွား

၂၀ ၊ ၈ ၊ ၂၀၂၁

ယနေ့ ဩဂုတ်လ (၂၀) ရက် ညနေ (၂:၀၄) အချိန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဒု ဥက္ကဌ (ငြိမ်း)၊ မြစ်ကြီးနားဇုံနယ် (MKBA) ဥက္ကဌ နှင့် အတွင်းရေးမှူး (ငြိမ်း)၊ လက်ရှိ မြစ်ကြီးနားမြို့ရှိ မြို့နှစ်ခြင်းအသင်းတော်၏ သိက္ခာတော်ရဆရာတော်ကြီး
Rev. Gunhtang La Myen
အသက် (၇၅) နှစ်သည် ကိုဗစ်ရောဂါပိုး ကူစက်ခံရ၍ ဘုန်းတော်ဝင်စားသွားကြောင်း သတင်းရှိရပါသည်။

ဆရာတော်ကြီးသည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းဝင်များအကြား ဩဇာတိက္ကမကြီးမားသည့် ဆရာတော်တစ်ပါးဖြစ်ပြီး ဘာသာရေးသာမက အမျိုးသားနိုင်ငံရေး လှုပ်ရှားဆောင်ရွက်ရာတွင်လည်းအားတွန်ခွန်စိုက် ပါဝင်တဲ့ ဆရာတော်ကြီးဖြစ်သည်။

ဆရာတော်ကြီး ကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်အား မနက်ဖြန် ဩဂုတ်လ (၂၁) ရက် နံနက် (၉) နာရီအချိန်တွင် မြစ်ကြီးနားမြို့ရှိ မြို့နှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်း၌ ဝတ်ပြုဆုတောင်းပြီး ကချင်နှစ်ခြင်းခရစ်ယာန် နောင်နန်းသုသာန်သို့ မြုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာသာရေးသာမက အမျိုးသားနိုင်ငံရေးများ၌လည်း တက်ကြွပါဝင်လှုပ်ရှားတတ်တဲ့ ဆရာတော်ကြီးတစ်ပါး ဘုန်းတော်ဝင်စားသွားသည့်အတွက် မိသားစု အိမ်သူ/သားများနှင့်ထပ်တူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ( KBC ) အသင်းသူ/သားများနှင့်တကွ NBung Dat Kasa မှလည်း များစွာစိတ်မ‌ကောင်းဝမ်းနည်းပူဆွေးရပါသည်။

NBungDatKasa

Be the first to comment

Leave a Reply

Your email address will not be published.


*