ကမာရွတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိုက်စိပ်ရှာဖွေ

ကမာရွတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိုက်စိပ်ရှာဖွေ

Aug 22.2021

ကြည့်မြင်တိုင် ကမာရွတ် (၅) ရပ်ကွက်အတွင်း ပိုက်စိပ်တိုက်ရှာဖွေမှုများပြုလုပ်နေကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူအချို့ကဆိုသည်။

ညနေ ၄ နာရီခန့်တွင် ကြည့်မြင်တိုင်ကမ်းနားလမ်းမမှတစ်ဆင့် ဘုရားလမ်းသို့ Double Cab ၁၀ စီးခန့် ဝင်ရောက်ကာ လမ်းထိပ်ကို ပိတ်ရပ်ထားခဲ့ကြောင်း၊ ယင်းနောက် ဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ ရွှေလာဘ် လက်ဖက်ရည်ဆိုင်အပေါ်ထပ်ရှိ တိုက်ခန်းပေါ်သို့ တက်ရောက်သွားကြောင်း၊ Sinper ကိုင်ထားသူများလည်း ပါဝင်ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ယင်းနောက် အဆိုပါတိုက်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆင်းလာပြီး ညနေ ၄ နာရီခွဲကျော်အထိ ဘုရားလမ်းပေါ်တွင် လုံခြုံရေးရယူထားကြောင်း ကမာရွတ်မြို့နယ်တွင် နေထိုင်သူအချို့က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း သြဂုတ် ၂၂ ရက်တွင် ဘုရင့်နောင်တံတား လှိုင်သာယာဘက်အခြမ်းတွင် တံတားလုံခြုံရေး ရယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး မြို့နယ်အချို့တွင် စစ်ဆေးမှုများ ရှိနေသည်။

Photo: ဘုရားလမ်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်စဥ်
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*