ကမာရွတ်တွင် သတင်းပေးဟု နာမည်ကျော်သူတစ်ဦး ပစ်သတ်ခံရ

ကမာရွတ်တွင် သတင်းပေးဟု နာမည်ကျော်သူတစ်ဦး ပစ်သတ်ခံရ

Aug 1.2021
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာမည်ကျော်သူတစ်ဦး ယနေ့(ဩဂုတ် ၁၇) နံနက် ၅ နာရီဝန်းကျင်၌ သေနတ်ဖြင့်ပစ်သတ်ခံရသည်ဟု ရပ်ကွက်နေသူတစ်ဦးက မျက်မြင်တွေ့ရှိသူ များကို ကိုးကား၍ ပြောသည်။

သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူမှာ ကမာရွတ်မြို့နယ် ၃ ရပ်ကွက် ထန်းတပင်လမ်းနှင့် စေတနာသုခ လမ်းထောင့်တွင် နေထိုင်သူ အသက် ၆၀ ဝန်းကျင် ဦးတင်လှဖြစ်သည်။

“အသံတစ်ချက်ကြားလိုက်တယ်တဲ့။ ဘယ်ကမှန်းမသိလို့သွားကြည့်လိုက်တဲ့အခါမှာတော့ ဟုတ်တယ်။ ရေဇလုံထဲကျနေပြီးဆုံးတယ်တဲ့။ နဖူးတည့်တည့်ထိတာ။ အပေါက်ဖြစ်သွားတယ် နဖူးမှာ”ဟု ၎င်းက ပြောသည်။

ထိုနေရာသို့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး လမ်းများကို ပိတ်ဆို့၍ ရှာဖွေ၊ စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဦးတင်လှ သေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ အတည်ပြု၍ မရသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုများ ဆက်တိုက်ပြုလုပ်နေချိန်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို ပစ်မှတ်ထားသည့် တုံ့ပြန်တိုက်ခိုက်မှုများ ရန်ကုန်၌ပင် မကြာခဏဖြစ်ပွားနေသည်။

ပုံစာ – ရန်ကုန်မြို့တွင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*