ကလေးမြို့ရှိ စစ်ကောင်စီ၏ ရိက္ခာ သိုလှောင်ရေးတပ်၊ ဒေသကွပ်ကွဲမှု စစ်ဌာန ချုပ်နှင့် ရဲစခန်းတို့ကို ချိန်ကိုက်မိုင်းများဖြင့် ကလေး PDF က တိုက်ခိုက်

ကလေးမြို့ရှိ စစ်ကောင်စီ၏ ရိက္ခာ သိုလှောင်ရေးတပ်၊ ဒေသကွပ်ကွဲမှု စစ်ဌာန ချုပ်နှင့် ရဲစခန်းတို့ကို ချိန်ကိုက်မိုင်းများဖြင့် ကလေး PDF က တိုက်ခိုက်

ကလေး၊ သြဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ရိက္ခာ သိုလှောင်ရေးတပ်၊ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်နှင့် ကလေးမြို့မ ရဲစခန်းတို့ကို ကလေးမြို့ PDF က ဩဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ချိန်ကိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှလွဲ၍ ကျန်နှစ်နေရာတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

“ကျနော်တို့ PDF က မနေ့ကည ၇ နာရီခွဲ ဝန်းကျင်လောက်မှာ ကလေးမြို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ စားနပ်ရိက္ခာ သိုလှောင်ရေးတပ်၊ ဒကစနဲ့ ကလေးမြို့ အရှေ့က မြို့မ ရဲစခန်းနားတွေမှာ ချိန်ကိုက်မိုင်း သွားထောင်တယ်။ ချိန်ကိုင်မိုင်းတွေ အကုန်လုံး တပြိုင်နက်တည်း ကွဲတယ်။ မြို့မရဲစခန်းကို ချိန်ကိုက်မိုင်း သွားထောင်တဲ့ တစ်ယောက်ကတော့ ဆိုင်ကယ်ဘောက်ထဲကို ထည့်သွားတာ။ အချိန်မီမရောက်သွားတဲ့အတွက် လမ်းမှာတင် ကွဲတယ်။ ဆိုင်ကယ်ရော လူရော ရစရာ မရှိဘူး ဖြစ်သွားရတယ်။ ကျနော်တို့ဘက်က တစ်ယောက်ဆုံးရှုံးရပါတယ်”ဟု PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မကြာသေးမီက အကြမ်းဖက် စစ်တပ်၏ကားများကို ကလေး PDF က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့တွင်လည်း မကွေးတိုင်း ပုံတောင်ပုံညာဘက်မှ အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ် အင်အား ၃၀၀ ခန့် ကလေးမြို့ဘက်သို့ ချီတက်လာရာ ဂန့်ဂေါဘက်သို့ ရောက်နေပြီ ဖြစ်ကြောင်း၊ ကလေးမြို့ စစ်ကား ၆ စီးဖြင့် သွားကြိုလျက်ရှိကြောင်းလည်း ကလေး PDF အဖွဲ့ထံမှ သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*