ကိုးကန့်နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးမှုနှင့် လက်နက် ဆုံးရှုံးမှုများနေ

ကိုးကန့်နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးမှုနှင့် လက်နက် ဆုံးရှုံးမှုများနေ

 

ဧရာဝတီ၊ ြသဂုတ် ၃၁၊ ၂၀၂၁

 

ရှမ်းပြည််နယ်​မြောက်ပိုင်း ၊ မူဆယ်မြို့နယ် ၊ မုံးကိုးမြို့နယ်ခွဲအတွင်း စစ်​ကောင်စီဘက်မှ လက်နက်ခဲယမ်းများကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မ​တော် (MNDAA) က ထပ်မံ သိမ်းဆည်းရမိ​ကြောင်း သတင်းရရှိသည်။

 

စစ်​ကောင်စီနှင့် MNDAA သည် ဇူလိုင် ၂၈ ရက်မှစ၍ မုံးကိုးမြို့နယ်ခွဲအတွင်း တိုက်ပွဲစတင်ဖြစ်ပွားခြင်း ဖြစ်ြပီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် လက်နက်ဆုံးမှုများခဲ့ေြကာင်း သိရသည်။

 

MNDAA ၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ် ၂၈ ရက်နှင့် ၃၀ ရက်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်​ကောင်စီဘက်မှ အ​လောင်း ၁၅ ​လောင်း တိုက်ပွဲဖြစ်သည့် နယ်​မြေတွင်း စွန့်ပစ်ထားခဲ့သည်ကိုလည်း ​တွေ့ရသည်ဟု သိရသည်။

 

သြဂုတ် ၂၈ ရက်ကလည်း မုံးကိုးမြို့နယ်တွင်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီ၏ ​ခြေလျင်တပ်ရင်း ၊ ခလရ ၂၃၀ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များ ထိခိုက်​သေဆုံးပြီး MNDAA ဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*