ကျိုက်ထို မဲ​လေးရုံကျေးရွာက ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌ သေနတ်ပစ်ခံရလို့ သေဆုံး

ကျိုက်ထို မဲ​လေးရုံကျေးရွာက ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌ သေနတ်ပစ်ခံရလို့ သေဆုံး

သြဂုတ် ၂၂-၂၀၂၁
KK (VOM)

ကျိုက်ထိုမြို့နယ်၊ မဲလေးရုံကျေးရွာက ရပ်ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟာ ဒီကနေ့ဩဂုတ် ၂၂ ရက် ညနေပိုင်းက နေအိမ်ကိုပြန်လာချိန် စိမ်းကလဲကျေးရွာ လမ်းမပေါ်မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲလေးရုံကျေးရွာနေသူတစ်ဦးက “သေနတ်လေးချက်လောက်မှန်ထားတယ်၊ ဆေးရုံပို့မလို့ လမ်းမှာတင်သေသွားတာပါ”လို့ သူကရှင်းပြပါတယ်။

သေဆုံးသူဟာ မဲလေးရုံကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌ ဦးမြင့်နိူင်ဆိုသူဖြစ်ပြီး လူမှုကူညီရေးအသင်းတစ်ခုမှာလည်း စေတနာ့ဝန်ထမ်းအဖြစ်ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကာ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ကျိုက်ထိုဆေးရုံ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ရက် မနက်၆နာရီက ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးကိုကို လည်း သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာ ဗုံးပေါက်ကွဲမှုအပါအဝင် သေနတ်နဲ့ပစ်ခတ်လို့ ဇွန်လကနေ သြဂုတ်လအထိ ရေးမြို့နယ်၊မုဒုံမြို့နယ်၊ကျိုက်မရောမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ပြည်ခိုင်ဖြိုးပါတီဝင်၊သတင်းပေးသူလို့နာမည်ထွက်သူ ၆ဦးတို့ သေဆုံးခဲ့ပါတယ်။

Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*