ကျောက်မဲ စစ်ရှောင်စခန်းတွင် ထပ်တိုးစစ်ရှောင်များ ရှိလာ၍ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေ

ကျောက်မဲ စစ်ရှောင်စခန်းတွင် ထပ်တိုးစစ်ရှောင်များ ရှိလာ၍ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေ

Aug 15.2021

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင် ၁၀၀ ဝန်းကျင် ထပ်တိုးသည့်အပြင် သီပေါနှင့် ကျောက်မဲရှိ စစ်ရှောင်မများ ၁,၆၀၀ ကျော်အထိ ရှိလာ၍ စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေကြောင်း စစ်ရှောင်စခန်းနှင့် နီးစပ်သူများထံကသိရသည်။

သျှမ်းတပ်မတော် (RCSS)နဲ့ တ‌ အောင်းတပ်မတော် (TNLA)နှင့် သျှမ်းတပ်မတော် (SSPP)တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲတွင် စစ်ရေး တင်းမာမှုကြောင့် စစ်ဘေးရှောင် ၁၀၀ ဝန်းကျင် ထပ်တိုးလာနေခြင်းဖြစ်သည်။

ထပ်တိုး စစ်ဘေးရှောင်အပါအဝင် ယနေ့အထိ ကျောက်မဲနှင့် သီပေါမြို့နယ်ထဲတွင် စစ်ဘေးရှောင်နေရသူ ၁,၆၀၀ ကျော်အထိ ရှိလာနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီလိုအပ်လျှက်ရှိသည်။

ယနေ့တွင် တပ်ဖွဲ့၀င်များအကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည့် ပန်ဆန်ကျေးရွာခံများမှာ ကြူရှောက်မြောက်ရွာဘက်သို့ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၉၁ ဦး တိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။

ပန်ဖြတ်၊ ပန်ကွမ်ကျေးရွာတွင် ဩဂုတ် ၁၁ ရက်က ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရွာခံ ၂၄၀ ကျော်မှာ လွယ်ကုန်၊ မိုင်းတင်း၊ နမ့်ဆော့ကျေးရွာနဲ့ မြို့ပေါ်သို့ တိမ်းရှောင်ခိုလှုံနေကြရကြောင်း သိရသည်။

အလားတူ ဇွန်လ ပထမအပတ်တွင် ၎င်းတပ်ဖွဲ့၀င်များအကြား တိုက်ပွဲများကြောင့် မိုင်းငေါ့တွင် ၄၇၀ ဦးနှင့် မြို့ပေါ်၌ ၂၆၂ ဦး၊ စုစုပေါင်း ၇၃၂ ဦး တိမ်းရှောင်နေရဆဲ ဖြစ်ပါကြောင်း ဒေသခံထံကသိရသည်။

မေလ တတိယပတ်တွင် သီပေါမြို့နယ် နမ့်လန်မြို့ မန်လီရွာတွင် စစ်ရှောင် ၂၅၀ ကျော်နှင့် ဩဂုတ် ၉ ရက်ကကောင်းကော်ရွာဘက်တွင် လူဦးရေ ၃၀၀ ကျော် တိမ်းရှောင်လာကြပြီး နေရပ်မပြန်နိုင်ကြသေးပေ။

ကောင်းကော်ရွာဘက်ကို ပြေးလာကြသည် စစ်ဘေးရှောင်များတွင် လသားအရွယ် ကလေးငယ်လည်း ပါဝင်နေသည်ဟု စစ်ရှောင်နှင့်နီးစပ်သူထံကသိရသည်။

သီပေါမြို့နယ်ထဲတွင် SSPP နဲ့ RCSS နှင့်ကျောက်မဲမြို့နယ်တွင် RCSS နှင့် TNLA၊ SSPP ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေကြကြောင်းသိရသည်။

Photo-Local

Be the first to comment

Leave a Reply

Your email address will not be published.


*