ခရမ်းရဲစခန်းရှေ့ ည ၁၀ နာရီအချိန် ဆိုင်ကယ်ဖြင့် ဖြတ်သန်း၍ ကိုမင်းအောင်ကို စစ်ကောင်စီတပ်များက အ‌ကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့ (ရုပ်/သံ)

ခရမ်းရဲစခန်းရှေ့ ည ၁၀ နာရီအချိန် ဆိုင်ကယ်ဖြင့် ဖြတ်သန်း၍ ကိုမင်းအောင်ကို စစ်ကောင်စီတပ်များက အ‌ကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့ (ရုပ်/သံ)

 

ရန်ကုန်၊ ဩဂုတ် ၂၈

 

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ခရမ်းရဲစခန်းရှေ့သို့ ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသော ကိုမင်းအောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးပြီး ရိုက်နှကက် သတ်ဖြတ်ခဲ့ကြသည်။

 

အဆိုပါ CCTV တွင် ဆိုင်ကယ်စီးလာသော ကိုမင်းအောင်ကို ဘေးတိုက် အနေအထားမှ ပစ်ခတ်သဖြင့် ကျည်ဆန်ထိမှန်ပြီး ရုတ်တရက် ဆိုင်ကယ် လဲကျသွားနောက် ဖမ်းဆီးခံရကာ ရိုက်နှက်သတ်ဖြတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။

 

ခရမ်းမြို့နယ် အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သော ကိုမင်းအောင်သည် သြဂုတ်လ ၂၄ ရက် ညနေက အလုပ်သမားများကို ပိုက်ဆံရှင်းပေးပြီး မိခင်အိမ်သို့ ဝင်လည်နေခဲ့ကြောင်း၊ ယင်းနောက် မိခင်အိမ်မှ ည ၁၀ နာရီ အပြန် ခရမ်းရဲစခန်းရှေ့သို့ ဆိုင်ကယ်ဖြင့် ဖြတ်သန်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်များက အကြောင်းမဲ့ ပစ်သတ်လိုက်ကြောင်း သိရသည်။

 

“ပထမ ရဲတွေဘက်က သတင်းလွှင့်တာက ဆိုင်ကယ်မှောက်လို့ သေတယ်ဆိုပြီးသတင်းလွှင့်တယ်။ ဒါပေမဲ့ တကယ်က ကိုမင်းအောင် ရဲစခန်းရှေ့ ဆိုင်ကယ်နဲ့ ဖြတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်တွေက ကိုမင်းအောင်ကို သေနတ်နဲ့ ပစ်တယ်။

 

ပြီးတော့ ဖမ်းပြီး ရိုက်သတ်လိုက်တာ ။ သူ့မှာ ကလေးငယ် တစ်ဦးရှိတယ်။ မိန်းမကလည်း ကိုယ်ဝန်အရင့်အမာကြီးနဲ့။ သူက ကူလီခေါင်းဆောင်ပေါ့။ ကူလီလုပ်တာ။ အခု ရဲတွေက မိသားစုကို အကြောင်းကြားပြီး အလောင်းလာယူခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*