ချက် ၊ စလိုဗက်ကီးယားနိုင်ငံတွေနဲ့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတို့ ပူး‌ပေါင်းပြီး သင်တန်းတွေစဖွင့်

ချက် ၊ စလိုဗက်ကီးယားနိုင်ငံတွေနဲ့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတို့ ပူး‌ပေါင်းပြီး သင်တန်းတွေစဖွင့်

အတန်းတင်ပညာရေးထက် အခုကာလမှာလိုအပ်တဲ့ ပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်မယ် လို့ ကျောင်းသားသမဂ္ဂပြော

ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယားနိုင်ငံတို့က တက္ကသိုလ်တွေ၊ အင်စတီကျူ့တွေနဲ့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီတို့ ပူးပေါင်းပြီး ပြည်ပပညာရှင်တွေကနေ သင်ကြားပေးတဲ့အစီအစဉ်ကို မနေ့ဩဂုတ် (၁၇)ရက်က စတင်ပါတယ်။

တပတ်ကို တရက်နှုန်းနဲ့ (၁၀)ပတ်ကြာ သင်ကြားမှာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေက တက္ကသိုလ်ဆရာတွေဟာ Zoom ကနေတိုက်ရိုက်ပို့ချတာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ပြည်သူတွေအကုန်တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

“ဒီပြည်ပ ပညာရှင်တွေကနေ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီဆိုတာဘာလဲ၊ ဖယ်ဒရယ်နဲ့ ပတ်သက်တာတွေ ကို မျှဝေသွားမှာပါ။ အရင် ၂၀၁၈ ခုနှစ်လောက်က ချက်ကောင်စစ်ဝန် ကျွန်တော်တို့ တက္ကသိုလ်လာပြီးတဲ့နောက် အဆက်အသွယ်ရှိခဲ့တယ်။ အခုလို ကြားကာလပညာရေး အစီအစဉ်အတွက် ချိတ်တော့လည်း ကျွန်တော်တို့ မျှော်မှန်းတာထက် သူတို့က တက်တက်ကြွကြွ ပါဝင်ပေးတယ်။ ဘယ်တက္ကသိုလ်တွေနဲ့ ဘယ်လိုချိတ်ဆက်လဲဆိုတာကိုတော့ လောလောဆယ် ယာယီတက္ကသိုလ်ကောင်စီဘက်က ထုတ်ဖော်မပြောသေးပါဘူး” လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ
ဉက္ကဋ္ဌ ကိုထက်မြတ်အောင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ – ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ

Be the first to comment

Leave a Reply

Your email address will not be published.


*