ချင်းအမျိုးသားတပ်မတော် (CNA/F) ဌာနချုပ်တွင် COVID-19 ကာကွယ်ဆေး COVISHIELD စတင်ထိုးနှံပေးနေ

ချင်းအမျိုးသားတပ်မတော် (CNA/F) ဌာနချုပ်တွင် COVID-19 ကာကွယ်ဆေး COVISHIELD စတင်ထိုးနှံပေးနေ

ထန်တလန် ဩဂုတ် – ၁၅

ချင်းအမျိုးသားတပ်မတော်(CNA/F) ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်အတွင်းရှိ Camp Victoria တွင် COVID-19 ကာကွယ်ဆေးစတင်ထိုးနှံပေးနေသည်ဟုသိရသည်။

အဆိုပါCamp Victoria တွင် CDF/PDF များကို စစ်ရေးလေ့ကျင့်ပေးနေသည့်ဦးရေမှာ ၁၅၀၀၀ဝန်းကျင်ရှိသည်ဟုလည်း CNN ရုပ်သံသတင်းဌာနတွင်ဖော်ပြထားသည်။

လက်ရှိ ချင်းအမျိုးသားတပ်ဦး(CNF)စခန်းတွင်ထိုးနှံပေးနေသည့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားသည်အိန္ဒိယနိုင်ငံမှထုတ်လုပ်သည့် COVISHIELDဆေးအမျိုးအစားဖြစ်ကြောင်းလည်းသိရသည်။

ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကိုလည်းအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*