စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ဆီဆိုင် NLD ပါတီဝင်မြို့နယ် စည်ပင် ဥက္ကဌဟောင်း ခွန်ဗွာထိုသွေး အကျဉ်းထောင်အတွင်း ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်

စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ဆီဆိုင် NLD ပါတီဝင် မြို့နယ် စည် ပင် ဥက္ကဌဟောင်း ခွန်ဗွာထိုသွေး အကျဉ်းထောင်အတွင်း ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်

 

 

Aug 27

 

အကြမ်းဖက် စစ်ကောင်စီထံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီဝင်လည်းဖြစ်၊ မြို့နယ် စည်ပင် ဥက္ကဌဟောင်း ခွန်ဗွာထိုသွေးမှာ ကိုဗစ်ရောဂါဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

 

 

စစ်တပ်က အာဏာသိမ်းပြီးနောက် အခြား ရှမ်းပြည်နယ် NLD ပါတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရသည့် ခွန်ဗွာထိုသွေးသည် တောင်လေးလုံးထောင်နှင့် ထိန်းသိမ်းခံခဲ့ရပြီး ကိုဗစ်ရောဂါ ကူးစက်ခံရသဖြင့် တောင်ကြီး စပ်စံထွန်းဆေးရုံသို့ ပို့ဆောင် ကုသပေးနေစဉ် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတချို့က ပြောသည်။

 

 

အကြမ်းဖက် စစ်ကောင်စီလက်ထက်တွင် ကိုဗစ်ရောဂါဖြင့် အကျဉ်းထောင်များထဲတွင် ကွယ်လွန်ခဲ့ရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ တနေ့တခြား များပြားလာလျက်ရှိပြီး ကိုဗစ်ရောဂါနှင့် ရင်ဆိုင်နေရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ကျန်းမာရေး အခြေအနေမှာလည်း ဆိုးဝါးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

 

 

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*