စစ်ကောင်စီခန့် ရန္တပိုရွာ အုပ်ချုပ်ရေးမှူး မြတ်စိုး စစ်တပ်နှင့်ပေါင်းပြီး

စစ်ကောင်စီခန့် ရန္တပိုရွာ အုပ်ချုပ်ရေးမှူး မြတ်စိုး စစ်တပ်နှင့်ပေါင်းပြီး လူထုကို ခြိမ်းခြောက်နေ၍ သတ်ဖြတ်လိုက်ဟု နှလုံးလှ လူမိုက်ကြီးများအဖွဲ့က ပြော

 

ရန်ကုန်၊ ဩဂုတ် ၂၉

 

မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ၊ အကြမ်းဖက် စစ်ကောင်စီခန့် ရန္တပိုကျေးရွာ အုပ်ချုပ်ရေးမှူး မြတ်စိုးကို ဩဂုတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်တွင် နှလုံးလှ လူမိုက်ကြီးများအဖွဲ့က ခေါင်းဖြတ် သတ်ဖြတ်ကြောင်း အဆိုပါ အဖွဲ့က တရားဝင် သတင်းထုတ်ပြန်ပြောဆိုသည်။

 

မန္တလေးတိုင်း မြင်းခြံမြို့နယ် မှ စစ်ကောင်စီခန့် ရန္တပို ကျေးရွာဥက္ကဋ္ဌ မြတ်စိုးသည် ကျေးရွာလူထုကို စစ်တပ်နှင့်ပူးပေါင်း၍ အမြဲတစေ ခြိမ်းခြောက်ခြင်း၊ PDF များ ပြောက်ကြားတပ်စုများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းပေးခြင်းများ ပြုလုပ်နေသူဖြစ်သောကြောင့် နှလုံးလှလူမိုက်ကြီးများအဖွဲ့ က သတ်ဖြတ်လိုက်ကြောင်း ၎င်းတို့က ဆိုသည်။

 

အသစ် တက်လာမည့် ကျေးရွာ ဥက္ကဌ များကိုလည်း သတိပေးကြောင်း အဆို ပါအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

 

ဓာတ်ပုံ- သတ်ဖြတ်ခံရသည့် စစ်ကောင်စီခန့် ဥက္ကဋ္ဌ မြတ်စိုး။

Be the first to comment

Leave a Reply

Your email address will not be published.


*