စစ်ကောင်စီတပ်ဖွဲ့နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး ကျဆုံးဟု PDF (Kalay)မှ တိုက်ပွဲသတင်းထုတ်ပြန်။

စစ်ကောင်စီတပ်ဖွဲ့နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး ကျဆုံးဟု PDF (Kalay)မှတိုက်ပွဲသတင်းထုတ်ပြန်

Aug 12.2021
စစ်ကောင်စီတပ်ဖွဲ့နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး ကျဆုံးဟု PDF (Kalay)မှယနေ့သြဂုတ်လ ၁၂ ရက်တွင်တိုက်ပွဲသတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းသို့ ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာတွင် တပ်စွဲ‌နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့သြဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်း၌ ပန်းမွန်ချောင်းကျေးရွာ၏ တောင်ဘက်ကြောတလျှောက်မှတဆင့် ချောင်းခွ နတ်ချောင်း ဘက်သို့ ရွှေ့ပြောင်းလာရာတွင် PDF (Kalay) တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ အချိန်ခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း မိမိတို့ PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်သား အနည်းဆုံး ၃ ဦးကို အသေပစ်ခတ်ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် PDF(Kalay) တပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့ပါကြောင်း၊စစ်ကောင်စီတပ်ဖွဲ့များသည် နတ်ချောင်းကျေးရွာတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ရာ ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဖြစ်သောကြောင့် ကလေး ဂန့်ဂေါအကြား ကားများ မှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေး အသိ၊ သတိရှိစွာဖြင့် နေထိုင်သွားလာရန် အသိပေးအပ်ပါသည်ဟု People’s Defence Force – Kalay ကယနေ့သြဂုတ်လ ၁၂ ရက်တွင်သတင်းထုတ်ပြန်ထားသည်။

Chinworld

Be the first to comment

Leave a Reply

Your email address will not be published.


*