စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိုးကြိတ်ရိုက်နှက်ခြင်းခံခဲ့ရသည့် နှမ်းခါးကျေးရွာမှ အသက် ၇၂ နှစ်အရွယ် ဦးကံထောက် ကွယ်လွန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိုးကြိတ်ရိုက်နှက်ခြင်းခံခဲ့ရသည့် နှမ်းခါးကျေးရွာမှ အသက် ၇၂ နှစ်အရွယ် ဦးကံထောက် ကွယ်လွန်

ရန်ကုန်၊ သြဂုတ် ၂၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာနေ အသက် ၇၂ နှစ်အရွယ် ဦးကံထောက်သည် အကြမ်းဖက်စစ်ကောင်စီမှ ထိုးကြိတ်ကန်ကျောက်ထားသော ဒဏ်ရာများရှိကာ သြဂုတ်လ ၂၁ ရက် ယနေ့နံနက် ၁ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

” ဦးကံထောက် ဆုံးတာ စစ်ကောင်စီက ထိုးကြိတ်သွားတဲ့ဒဏ်ရာတွေနဲ့ပါ။ မျက်နှာ၊ လည်ပင်း၊ နောက်ကျောတွေမှာ ရိုက်နှက်ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေ အကွက်လိုက်ကျန်တယ်။ အဖိုးအိုတယောက်အနေနဲ့ကျတော့ ဘယ်ခံနိုင်မလဲ၊ ဒီနေ့မနက်မှာ ဆုံးသွားတာ” ဟု ဒေသခံ ရွာသားတစ်ဦးမှ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် သြဂုတ်လ ၁၈ ရက် ညနေပိုင်းတွင် နှမ်းခါးကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာအတွင်းကျန်ရှိနေသည့် အသက် ၇၂ နှစ်ရှိ ဦးကံထောက်ကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြပြီး နေအိမ် ၂၀ ခန့် ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားခဲ့ကြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*