စစ်ကောင်စီဘက်မှ ၂၀ ကျော်ကို သုတ်သင်နိုင်ပြီးနောက် ၁၆ မိုင်စခန်း ပြန်လည် သိမ်းနိုင်ဟု CDF-Mindat ထုတ်ပြန်

စစ်ကောင်စီဘက်မှ ၂၀ ကျော်ကို သုတ်သင်နိုင်ပြီးနောက် ၁၆ မိုင်စခန်း ပြန်လည် သိမ်းနိုင်ဟု CDF-Mindat ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၈

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ၁၆ မိုင်စခန်းကို CDF-Mindat က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်​နေ့မှ စတင်ကာ ယ​နေ့အထိ ၄ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဝဦး​ကျော် သေဆုံးခဲ့ကြောင်း CDF-Mindat က သတင်းထုတ် ပြန်ထားသည်။

” ဒီ ၄ ရက်တာတိုက်ပွဲမှာ CDF-Mindat က ကျဆုံး မရှိ။ ဒဏ်ရာရသူ အနည်းငယ်သာရှိပြီး ရန်သူ့လက်နက်တွေ ရလိုက်တယ်။ ၁၆ မိုင်စခန်းကို ပြန်သိမ်းလိုက်နိုင်တယ်။ စကစတွေဘက်က အနည်းဆုံး ၂၀ ကျော် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားနဲ့ နောက်ဆုတ်သွားခဲ့တယ်” ဟု CDF-Mindat ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူသူလက်နက် အင်အားအလုံးအရင်းနှင့် စစ်မျက်နှာများခွဲကာ ထိုးစစ်ဆင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ် လူအင်အား နည်းပညာ စသည့်အရာများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat က မယှဉ်နိုင်သော်လည်း CDF-Mindat ၏ အစဉ်အလာအတိုင်း မဖြစ်နိုင်သည့် အနေအထား၊ အကျပ်အတည်း အခက်အခဲပေါင်းစုံဖြင့် ရုန်းထွက်လာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*