စစ်ကောင်စီ၏ ငွေစက္ကူအသစ်‌ထုတ်ဝေမှုတွင် ပါဝင်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်မှု ကူညီသူများအဖြစ် အရေးယူမည် 

စစ်ကောင်စီ၏ ငွေစက္ကူအသစ်‌ထုတ်ဝေမှုတွင် ပါဝင်ပတ်သက်သည့် စီးပွား ရေးလုပ်ငန်းများကို အကြမ်းဖက်မှု ကူညီသူများအဖြစ် အရေးယူမည်

 

ရန်ကုန် | သြဂုတ်လ ၂၇

 

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မြန်မာကျပ်ငွေစက္ကူအသစ်တွေရိုက် နှိပ်ထုတ်ဝေဖို့ ငွေစက္ကူပုံနှိပ်လုပ်ငန်းဝန်ဆောင်မှုပေးတဲ့ ပြည်ပကုမ္ပဏီတွေဆီကို ချဉ်းကပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။

 

အခုလို စစ်ကောင်စီက ချဉ်းကပ်တာကို သတင်းအတိအကျရထားတယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ဒီကနေ့ (သြဂုတ်လ ၂၇)မှာ ထုတ်ပြန်လိုက်ပါတယ်။

 

နိုင်ငံရဲ့ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာကို အစိုးရကသာလုပ်ပိုင်ခွင့်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မတရားအသင်းကြေညာခံထားရတဲ့ဖြစ်လို့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာဟာ တရားမဝင်တဲ့လုပ်ရပ်လို့လည်း အဆိုပါထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

 

ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပကုမ္ပဏီတွေအနေနဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာကို ပူးပေါင်းဆောင်ရွက်တာတွေ၊ ကုန်ကြမ်းပစ္စည်းနဲ့ နည်းပညာအထောက် အပံ့ ပေးတာတွေကို အထူးရှောင်ရှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အဲ့ဒီထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

 

စစ်ကောင်စီရဲ့ ငွေကြေးထုတ်လုပ်မှုမှာ ပါဝင်ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေကိုလည်းအကြမ်းဖက်မှုကိုအားပေးကူညီရာမြောက်တဲ့လုပ်ငန်းတွေအဖြစ်အရေးယူသွားမယ်လို့ လည်းဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*