စစ်ကောင်စီ တပ်စခန်းကို KNLA တိုက်ခိုက်သိမ်းယူ 

စစ်ကောင်စီ တပ်စခန်းကို KNLA တိုက်ခိုက်သိမ်းယူ

 

မဇ္ဈိမ

 

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဒူးပလာခရိုင်၊ နို့တကောမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ယနေ့ (ဩဂုတ် ၂၆ ရက်) နံနက်ပိုင်းတွင် KNLA တပ်မဟာ (၆) က တိုက်ခိုက်သိမ်းယူခဲ့ကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။

 

ဒူးပလာခရိုင်၊ နို့တကောမြို့နယ် ခုတ်ခွားမှာကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီ ခြေကုပ်ယူထားရာ ကာလိခီး တပ်စခန်းကို KNLA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၇) တပ်ခွဲ (၁) တပ်ဖွဲ့ဝင်များက တိုက်ခိုက် သိမ်းယူခဲ့ခြင်း ဖြစ်သည်။

 

“အဲဒီစခန်းကို တက်ရောက်သိမ်းဆည်းတဲ့အချိန်မှာ BGF တပ်ဖွဲ့တွေက ပြန်မခုခံပဲ ဆုတ်ခွာသွားခဲ့တဲ့အတွက် KNLA တပ်ဖွဲ့တွေက ခုတ်ခွားစခန်းကို အလွယ်တကူ သိမ်းဆည်းရမိခဲ့တယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါသိမ်းဆည်းရရှိသည့် ကာလိခီးစစ်ကောင်စီတပ်စခန်းသည် လွန်ခဲ့သည့်တစ်ပတ်က အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ခြေကုပ်ယူနေထိုင်ခဲ့သည့် တပ်စခန်းတစ်ခုဖြစ်ပြီး ၎င်းတို့ဆုတ်ခွာသွားချိန် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်များ ကျန်ရှိနေခဲ့သည့် တပ်စခန်းတစ်ခုဖြစ်သည်။

 

ယနေ့ (ဩဂုတ် ၂၆ ရက်) နံနက်ပိုင်း ၈ နာရီကျော်အချိန်တွင် ကော့ကရိတ်မြို့နယ်အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီက လေယာဉ်နှင့်ပျံသန်းထောက်လှမ်းသွားကြောင်း သိရသည်။

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကွင်းကလေးရွာအနီး၊ အာရှလမ်းမကြီးဘေးရှိ ကမိုင်ကုန်းကျေးရွာ၊ ကော်သနော့ ရွာအနီး၊ ရေတွင်ဖြူနှင့် အံဖလေးရွာကြားတို့တွင် ဩဂုတ်၂၃ ရက်မှ ဩဂုတ်လ၂၄ ရက်အထိ KNU နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

 

ဓာတ်ပုံ- အဟောင်း

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*