စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ယူထားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက အများပြည်သူထံက ငွေတောင်း

စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ယူထားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက အများပြည်သူထံက ငွေတောင်း

Aug 22.2021

ပဲခူးမြို့တွင်းရှိ စစ်ဆေးရေးဂိတ်များတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်လာသည့် ပြည်သူများကို ငွေကြေးကောက်ခံနေကြောင်း ဒေသခံများကပြောသည်။

လူတစ်ဦးလျှင် ငွေ ၁,၅၀၀ ကျပ် မှ ကျပ် ၁၀,၀၀၀အထိ အကြောင်းအမျိုးမျိုးပြကာ ကောက်ခံနေခြင်းဖြစ်သည်။

“သူတို့ကို(အရန်မီးသတ်တပ်ဖွဲ့ဝင်) ပြီးခဲ့တဲ့ ၇ လပိုင်းကတည်းက ရပ်ကွက်ထိပ် စစ်ဆေးရေးဂိတ်တွေမှာ တွေ့လာရတာ ၊အခုရက်ပိုင်းသူတို့က ဆိုင်ကယ်နဲ့လာတဲ့ပြည်သူတွေကို အကြောင်းမယ်မယ်ရရမရှိဘဲ ငွေတောင်းတယ်။ နှာခေါင်းစည်း မတပ်တဲ့သူတွေ၊ ဆိုင်ကယ်ဦးထုတ်မပါတဲ့သူတွေ ၊မေးသိုင်းကြိုးမတပ်တဲ့သူတွေ၊ အပြင်ထွက်ခွင့်ကဒ်မပါတဲ့သူတွေကို ၁၅၀၀ကနေ ၁၀၀၀၀ကျော်အထိတောင်းနေတာ ပေးရတဲ့သူတွေ အများကြီးရှိတယ်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ကြီးစုရပ်ကွက် (၁၀)လမ်းထိပ်နှင့် ကလျာဏီရပ်ကွက်တို့တွင် ငွေကြေးကောက်ခံမှု အများဆုံးကြုံတွေ့ရကြောင်း၊ ရပ်ကွက်များအတွင်း ဆိုင်ကယ်စီးနှင်းသူတချို့ထံကပင် ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အရင်က မီးသတ်တွေမပါဘူး။ အခုမှ သူတို့ပါလာတာဗျ။ စစ်ဆေးတဲ့ အင်အားလဲနည်းလာတယ် ။ရဲနဲ့စစ်သားက ခြောက်ယောက် ၊ ခုနှစ်ယောက်လောက်ပဲရှိတာ၊ ကျန်တာက ရပ်ကွက်အုပ်ကြီးအုပ်စု၊ ထွေအုပ်ကသူတွေ ၊ မီးသတ်နဲ့ ဒလန်တွေ သူတို့ကပိုများတယ်”ဟု ဇိုင်းမြောက်ရပ်ကွက်နေ ပြည်သူတစ်ဦးက‌ေပြာသည်။

ပဲခူးမြို့တွင် ၁၀ နေရာထက်မနည်း စစ်ဆေး‌ရေးဂိတ်များရှိပြီး နံနက် ၄နာရီမှ နံနက်၁၀နာရီ၊ နေ့လည် ၄နာရီမှ ည၁၀နာရီအထိသာ အပြင်ထွက်ခွင့်ပြုထားပြီး ကျန်အချိန်များတွင် ကျန်မာရေးအတွက်သာ အပြင်ထွက်ခွင့်ပြုသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*