စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးနှင့် မဘသအစွန်းရောက် အမတ်ဒိန်ကို သတင်းမီဒီယာကောင်စီတွင် စစ်ကောင်စီက ခန့်အပ် ထည့်သွင်းထား

စစ်တပ်ထောက်ခံသူ ၊အမျိုးသားရေးနှင့်မဘသအစွန်းရောက် အမတ်ဒိန်ကို သတင်းမီဒီယာကောင်စီတွင် စစ်ကောင်စီက ခန့်အပ် ထည့်သွင်းထား

ရန်ကုန်၊ ဩဂုတ် ၁၅

အမျိုးသားရေး အစွန်းရောက်နှင့် မဘသ အစွန်းရောက် တစ်ဦးဖြစ်ပြီး စစ်တပ်ထောက်ခံသူဖြစ်သော အမတ်ဒိန်ခေါ် ဦးနေလင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် ခန့်အပ်ထားကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာများက သတင်းထုတ်ပြန်သည်။

ဦးနေလင်း(ခေါ်) အမတ်ဒိန်သည် NLD အစိုးရလက်ထက်တွင် အကြမ်းဖက်လူသတ်စစ်တပ်ကို ထောက်ခံသော အမျိုးသားရေး အစွန်းရောက်၊ အမျိုးဘာသာသာသနာ (မဘသ) အစွန်းရောက် တစ်ဦးဖြစ်ပြီး စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင်ဟောပြောသူအဖြစ် အမြဲလိုလို ပါဝင်ခဲ့ကာ NLD အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည် တိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။

စစ်ကောင်စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် စစ်တပ်အလိုကျ လူအများစုပါဝင်နေပြီး NLD အစိုးရ လက်ထက် ဥပဒေ၊ ရွေးကောက်ပွဲများဖြင့် စနစ်တကျ ရွေးချယ်တင်မြှောက်ထားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် သတင်းသမားအများစုမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြိုင်တူ နုတ်ထွက်သွားခဲ့ကြသည်။

အကြမ်းဖက် လူသတ်စစ်ကောင်စီသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ၎င်းတို့အလိုကျ ပုံစံဖြင့် ဖွဲ့စည်းနေကြောင်း ပြည်တွင်း သတင်းစာဆရာတချို့က သုံးသပ်ပြောဆိုသည်။

Photo Credit – DVB Debate

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*